တသက်မှာ နှစ်ကျွန်းကျသူ

Man Nyein
Image caption ပထမ အကြိမ် ကျွန်းဒဏ်က ထွက်ပြေးခဲ့တဲ့ မှတ်တမ်း

အင်းစိန်ထောင်အထူးတရားရုံးတခုဖြစ်တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးလှ၀င်းထိုင်တဲ့ရုံးကနေ KNU ဗဟိုကော်မတီ၀င် ပဒိုမန်းငြိမ်းမောင်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ ထောင်ဒဏ် ၃နှစ်၊ နိင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှုမှာ ပါ၀င်ကျူးလွန်တယ်ဆိုတဲ့ ပုဒ်မ ၁၂၂(၁)နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တဲ့အကြောင်း ပဒို မန်းငြိမ်းမောင် အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေနေ့ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို အယူခံတက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း အယူခံတက်ရမှာ ဖြစ်ပါတယ်။ အယူခံနဲ့ ပတ်သက်ပြီး ကာယကံရှင် ပဒိုမန်းငြိမ်းမောင်သဘောထားကို မေးဖို့လိုဦးမယ်လို့ ရှေ့နေဦးကြီးမြင့်ကပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်လွှတ်ဖို့ လွှတ်မလွှတ်ဟာ နိုင်ငံရေးနဲ့ တောတော် များများ ပတ်သက်နေပါတယ်။

ကေအန်ယူနဲ့ အစိုးရကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရမရဟာ ပဒိုမန်းငြိမ်းမောင်ရဲ့ အမှုအပေါ် ကြီးကြီးမားမား သြဇာ သက်ရောက်နိုင်တယ်လို့ သူ့ရှေ့နေဉီးကြီးမြင့်က ပြောပါတယ်။

မန်းငြိမ်းမောင်ဟာ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တုန်းကလည်း တသက်တကျွန်း ပြစ်ဒဏ်ကျခံခဲ့ရဖူးပြီး ကိုကိုးကျွန်းကနေ ထွက်ပြေးခဲ့သူမို့ အခုတကြိမ်ဟာ သူ့ဘဝတသက်မှာ ဒုတိယ အကြိမ် ကျွန်းဒဏ်ကျခံရတာဖြစ်ပါတယ်။

သူ့ရဲ့ ပထမအကြိမ်ကျွန်းကျစဉ်က ကိုကိုးကျွန်းကနေ ထွက်ပြေးခဲ့ပုံကို ရဲဘော်ရှောင်းနာမည်နဲ့ ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ဖူးပါတယ်။