ဟောင်ကောင်လေဆိပ် ပြေးလမ်းသစ် ဆောက်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင် လေဆိပ်ဟာ ကမ္ဘာမှာ အလုပ် အများဆုံး လေဆိပ် တွေထဲက တခုပါ

ဟောင်ကောင် လေဆိပ် မှာ ကြီးမား လှတဲ့ လေယာဉ် ပြေးလမ်း သစ်ကြီး တခု တည်ဆောက်ရေး စီမံကိန်း အတွက် ဟောင်ကောင် အစိုးရက ထောက်ခံ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ အငြင်း ပွားဖွယ် ဖြစ်နေတဲ့ ဒီလေယာဉ် ပြေးလမ်း တည်ဆောက်ရေး စီမံကိန်း အတွက် ဒေါ်လာ ၁၇ ဘီလီယံ အကုန်အကျခံ တည်ဆောက်မှာ ဖြစ်ပြီး၊ ဒါဟာ ဟောင်ကောင်မှာ ပြုလုပ်ခဲ့ ဘူးသမျှ တည်ဆောက်ရေး လုပ်ငန်း တွေထဲမှာ ကုန်ကျမှု အများဆုံးသော စီမံကိန်း ဖြစ်လာ ပါလိမ့်မယ်။ အကြောင်း ကတော့ ဒီပြေးလမ်း နေရာ အများစုဟာ ပင်လယ် ဖက်မှာ တည်ရှိ နေမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း ကို အကောင်အထည်ဖေါ် တည်ဆောက် နိုင်ဖို့ အချိန် ၁၀ နှစ် ယူရ ပါလိမ့်မယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ ကတော့ ပင်လယ် ကြမ်းပြင် ပျက်စီးမှာနဲ့ ဒေသတွင်း က တရုတ် လင်းပိုင်ဖြူ တွေ သေဆုံး ကုန်မှာကို စိုးရိမ် နေကြ ပါတယ်။ ဟောင်ကောင် လေဆိပ် ကနေ တနှစ်ကို ခရီးသည် သန်း ၅၀ ကျော် သွားလာ နေတာ ဖြစ်ပြီး၊ ကုန်တင် လေယာဉ်တွေ ဆိုက်ရောက် ပျံသန်းမှု ကလည်း တမ္ဘာ့ တခြား နေရာ တွေထက် ဟောင်ကောင် လေဆိပ်မှာ ပိုများ ပါတယ်။