ဘိုကလေး NLD စည်းရုံးရေးမှူး ပြန်လွတ်

prisoner ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ကျဉ်းများ အင်းစိန်မှ ပြန်လွတ်လာ

အာဏာပိုင်တွေ ဖမ်းဆီးပြီး စိတ်ရောဂါကု ဆေးရုံ ပို့ခံရတဲ့ ဘိုကလေး NLD စည်းရုံးရေးမှူး နိုင်ငံ ရေး အကျဉ်းသားဟောင်း ဦး အောင်မြင့်ပြန် လွတ် လာပြီလို့ သိရပါတယ်။

စစ်ကြောရေးမှာ နှိပ်စက်တာ မရှိပေမယ့် မချေမငံ ဆက်ဆံတာ၊ စိတ်ရောဂါကု ဆေးရုံပို့တာတွေ ဟာ ဒီမိုကရေစီ စနစ် မရှိသေးဘူး ဆိုတာ ပြလိုက်တာလို့ ဦး အောင်မြင့်က ပြောပါတယ်။

ဦး အောင်မြင့်နဲ့ သမီးဖြစ်သူကို မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီး အစစ်ဆေး ခံရကာ စိတ်ရောဂါ ဆေးရုံ အပို့ခံရတာ ဖြစ်ပါတယ်။

ဦး အောင်မြင့်ဟာ နိုင်ငံရေးမှုနဲ့ ထောင် နှစ်ကြိမ် ကျခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ဟောင်း တွေ့ဆုံပွဲ လာတက်ရင်း ဗဟန်းမှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား အကုန် မလွတ်သေးတဲ့ အတွက်၊ ပြည်တွင်းစစ် မရပ်သေးတဲ့ အတွက် ဦး အောင်မြင့်ဟာ ထောင်ဝတ်စုံဝတ်၊ သံခြေကျင်းခတ် ဆန္ဒပြနေတာ ရက် ၇ဝ ကျော်ပြီလို့ လည်း သိရပါတယ်။

ဦး အောင်မြင့်က ဒီလို ရန်ကုန် မြို့လယ်မှာ အတင်းအကျပ် ဖမ်းဆီး ခံရ၊ ခြေကျင်း ချွတ်ပစ်ပြီး စိတ်ဆေးရုံ အပို့ခံရ တာဟာ မြန်မာ ပြည်သူတွေ စစ်အာဏာရှင် နှိပ်စက် ဖမ်းဆီးမှုကို အချိန် မရွေးခံရနိုင်တယ်လို့ သတိပေးနေတာလို့ ဆိုပါတယ်။