မြောက်ကိုရီးယား အရေး တရုတ်ပူးပေါင်းဖို့ အိုဘားမားတောင်းဆို

Obama China ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် ပါဝင် ပူးပေါင်းဖို့ အိုဘားမား တိုက်တွန်း

မြောက်ကိုးရီးယားနိုင်ငံက ဒုံးကျည် စမ်းသပ်မှုတွေ ရှေ့တိုးလုပ်ဆောင်မှုကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ ဘယ်လိုရန်စမှု မျိုးကိုမဆို တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းပြီး တုန်ပြန့်သွားမယ်လို့ အမေရိကန် ကပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် ပစ်ပြီး ဂြိုလ်တု တခုလွှတ်တင်ဖို့ လုပ်နေတာပါ။ ဘယ်လို ပစ်လွှတ်မှု မျိုးမဆို Missile ဒုံး စမ်းသပ်တာဖြစ်တဲ့အပြင် ဒါဟာ ကုလသမဂ္ဂရဲ့ လုံခြုံရေး အစီအစဉ်ကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

နောက်ပြီး သူနဲ့ တရုတ်သမ္မတ ဟူကျင်တောင် ပြောခဲ့တဲ့ အကြောင်းအရာတွေထဲမှာ မြောက်ကိုးရီးယားရော အီရန် နိုင်ငံ နှစ်နိုင်ငံလုံးအကြောင်းလည်း ပါဝင်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကိုင်တွယ်ပုံက အကျိုးသက်ရောက်မှု မရှိဘူးလို့ စောစောပိုင်းတုန်းက အမေရိကန်သမ္မတက ဝန်ဖန်ခဲ့ပါတယ်။ ဒီနေ့ စည်းဝေးပွဲမှာတော့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးက နျူကလီးယား မပြန့်ပွားရေးကို လိုလားတယ်လို့ဆိုပါတယ်။

မစ္စတာ အိုဘားမား ဒီနေ့ အစည်းအဝေးပွဲမှာ ပြောကြားတဲ့ စကားတွေဟာ မြောက်ကိုးရီးယား ခေါင်းဆောင်တွေကို တိုက်ရိုက်ရည်ညွှန်းတယ်ဆိုတာ ပြပါတယ်။

သူက မြောက်ကိုးရီးယားရဲ့ နျူးကလီးယားလက်နက်တွေဟာ လုံခြုံရေးကို ထိခိုက်စေတာဖြစ်သလို အခုလို ရန်စမှုတွေဟာ ဘာအကြိုးအမြတ်မှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

နျူးကလီးယား ထုတ်လုပ်တဲ့ စာတ်သတ္တုပစ္စည်းတွေကို အကြမ်းဖက်သမားတွေက ခိုးယူမှကနေ ဘယ်လိုတားစည်းမလဲဆိုတာနဲ့ ပတ်သက်တဲ့ အစည်းအဝေးပွဲကို ကမ္ဘာ့ထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ က တောင်ကိုးရီးယား နိုင်ငံမှာ ကျင်းပနေတာဖြစ်ပါတယ်။

တကယ်လို့ အခု ဒုံးပျံလွှတ်မယ့် အစီအစဉ်ကို ဆက်လုပ်ရင် မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်အဖြစ် ဝိုင်းပယ်ခံရနိုင်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တောင်ကိုးရီးယား သမ္မတ Lee Myung-Bak က ပြီးခဲ့တဲ့ ရက်ကပဲ သတိပေး ပြောကြားပါတယ်။ တောင်ကိုးရီးယားရဲ့ ပိုင်နက်ထဲကို ဝင်လာတဲ့ စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးပျံဆိုရင်တော့ ပစ်ချမယ်လို့ တောင်ကိုးရီးယားနိုင်ငံက သတိပေးပြောကြားလိုက်ပါတယ် မသီတာရေ။။