Jim Webb မြန်မာနိုင်ငံကို ထပ်သွားမယ်

Image caption ၂၀၀၉ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ Jim Webb တွေ့ဆုံခဲ့စဉ်

အရှေ့အာရှ ဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ကော်မီတီ အကြီးအကဲ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် Jim Webb ဟာ မြန်မာ နိုင်ငံကို လာမယ့်လမှာ ထပ်မံ သွားရောက်မယ်လို့ သိရပါတယ်။

ဆီးနိတ် လွှတ်တော်အမတ်Jim Webb ဟာ ဧပြီလ ၁ရက် ကြားဖြတ် ရွေးကောက်ပွဲ ပြီးပြီး ချင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ တကယ်တမ်း လုပ်ဖို့ သံဓိဌာန် ချထားသလား ဆိုတာကို ဒီရွေးကောက်ပွဲကနေ တဆင့် အသေအချာ စောင့်ကြည့်သွားဖို့ ရှိပါတယ်။

မစ္စတာ Webb ဟာ မြန်မာနိုင်ငံကို ၂၀၀၉ခုနှစ်က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဆယ်စုနှစ် တခုအတွင်း မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တဲ့ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ် ဖြစ်သလို နအဖ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ တဦးတည်းသော အမေရိကန် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။