သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲ အပေါ်သာမန် လူတွေရဲ့ အမြင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန် မြို့ပတ် ရထား လမ်း မှာ သာမန် ပြည်သူတွေရဲ့ ဘဝကို မြင်နိုင်ပါတယ်

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းဘဲ လိုတော့ တဲ့အချိန်မှာ ဒီရွေးကောက်ပွဲ အပေါ် သာမန် ပြည်သူ တွေ ဘယ်လို သဘော ထားကြသလဲ ဆိုတာ ကို ဘီဘီစီ ဝိုင်း တော်သား ဦးမင်းထက်က ရန်ကုန် မြို့ပတ် ရထားပေါ်က ခရီးသည်တွေကို လိုက်မေးကြည့် ခဲ့ပါတယ်။

မုန့်ရောင်းတဲ့ စျေးသည် အမျိုးသမီး တဦးက အစိုးရသစ် လက်ထက်မှာ သူတို့ဘဝတွေ ဘာမှ အပြောင်းအလဲ ဖြစ်မလာဘူး လို့ ပြောပြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမယ်လို့ လည်း အဲဒီ အမျိုးသမီးက ပြောခဲ့ပြီး "သူနိုင် သွားရင်တော့ အားလုံး အဆင်ပြေ လိမ့်မယ် လို့တော့ လူတွေက ပြောတာဘဲ" လို့ ဆိုပါတယ်။

ပန်းရံ အလုပ်လုပ်တဲ့ နောက်အမျိုးသမီး တဦးကတော့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ သူသိပ် မသိတဲ့ အကြောင်း ပြောပြ ပါတယ်။ ဘယ်သူ့ကို မဲထည့် မှာလဲ လို့ မေးတဲ့ အခါ "လူကြီးတွေ ပြောတဲ့ အတိုင်းဘဲ ထည့်ရမှာပေါ့" လို့ သူက ပြန်ဖြေပါတယ်။

ဆိုက်ကား ဆရာ တဦးကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက်၊ ကျွန်တော်တို့ ရပ်ကွက်တွေ သာယာမှုရှိမယ့် တကယ့် ကြိုးကြိုး စားစားနဲ့ လုပ်မယ့် ပုဂ္ဂိုလ် မျိုးကို ပေးချင်တယ်" လို့ ဆိုပါတယ်။

သူတို့ရပ်ကွက် အနီးတဝိုက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဆုံးဖြတ် ထားကြ တဲ့သူတွေ များတယ်လို့ သူက ပြောပြ ခဲ့ပါတယ်။