သိန္နီနား ဗုံးကွဲ

shan
Image caption ရှမ်းမြောက်မှာ ဗုံးကွဲ

ရှမ်းပြည် မြောက်ပိုင်း လားရှိုးသွား လမ်းပေါ်က သိန္နီမြို့ နား နမ္မတူ မြစ်ကူး တံတား မှာ မနေ့ မနက် လင်းအားကြီးက ဗုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိ ပေမယ့် တံတား ထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံ တယောက်က ပြောပြပါတယ်။

တံတားအုတ်တိုင် အက်ကွဲသွားတယ် ဆိုပေမယ့် ယာဉ်အသွားအလာတော့ ရှိနေသေးတယ်လို့ အဲဒီ ဒေသခံကပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းကလည်း သိန္နီ - ကွန်လုံ လမ်း နမ့်မိန်း တံတားမှာ ဗုံးကွဲခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဆိုတာ မသိရဘူးလို့ ပြောပါတယ်။