နေပြည်တော်မှာ မဲဆွယ်သူ နှောင့်ယှက်ခံရဆို

zabuthiri
Image caption ဇမ္ဗူသီရိမှာ ဝန်ထမ်း အိမ်ရာတွေထိ မဲဆွယ်လို့ မရ

ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် အရွေးခံခဲ့တဲ့ နေပြည်တော် ဇမ္ဗူသီရိက ဝင်ပြိုင်မယ့် NLD ဒေါ်စန္ဒာမင်းက သူ့နယ်မြေမှာ လွတ်လပ်စွာ မဲဆွယ်လို့ မရသလို မတရား နှောင့်ယှက် ခံနေရတယ်လို့ဆိုပါတယ်။

ဝန်ထမ်းတွေ အများစု ဖြစ်တဲ့ သူ့နယ်မြေမှာ ဝန်ထမ်း အိမ်ရာတွေထိ သွားပြီး မဲဆွယ်လို့ မရပေမယ့် ကိုယ်ရေး အကျဉ်းနဲ့ မဲဖိတ်စာ စာရွက်တွေ ဝေခွင့် ရတယ်လို့ ဆိုပါတယ်။

နယ်မြေမှာ အဓိက ရင်ဆိုင်ရတာက မီးမရတဲ့ အခက်အခဲလို့ ဆိုပါတယ်။

NLD ဆိုင်းဘုတ် ထောင်တဲ့ အိမ်ကို မီးဖိုး အပြည့်ပေး ပေမယ့် မီးမပေးဘဲ ချန်ထားတာ ရှိသလို မနက်က မီးပေး သွားပြီးမှ NLD က ဝင်မဲဆွယ် သွားတဲ့ အတွက် မီးကြိုးတွေ ပြန်ဖြတ် သွားတာမျိုးလည်း ရှိကြောင်း ဒေါ် စန္ဒာမင်းက ဆိုပါတယ်။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ စာရွက်တွေ စီဒီတွေ ဝေနေတာကိုလည်း ကော်မရှင် လူကြီးတွေ ကရော အုပ်ချုပ်ရေးပိုင်းကပါ ဘာမှ မပြောဘဲ ကြည့်နေကြတယ်လို့ ဆိုပါတယ်။

မင်္ဂလာ တောင်ညွန့်က ဝင် အရွေးခံမယ့် မြန်မာ့ အမျိုးသား ကွန်ဂရက် ပါတီက ဦးကောင်းမြင့်ထွဋ် ကတော့ အရွေးခံရဖို့ထက် အရွေး မခံရလည်း ဘာတွေ လုပ်နိုင်မလဲ ပိုစိတ်ဝင်စား တယ်လို့ ဆိုပါတယ်။