မဲရုံတွေ ဖွင့်ပြီး မဲပေးနေပြီ

_suu_kawhmuu ဓာတ်ပုံ မူပိုင် AFP
Image caption ကော့မှူးရောက် ဒေါ်အောင်ဆန်းစုကြည်

ကြားဖြတ်ရွေးကောက်ပွဲ ကို မနက်စောစောမှာပင် စတင်နေပါပြီ။ ကော့မှူးမြို့နယ် က ဝါးသိင်္ခ ရွာ မှာဆိုရင် ရွာခံ ကရင်တိုင်းရင်းသား တွေ ဟာ ရိုးရာဝတ်စုံ တွေ ဝတ်ဆင်ပြီး မဲလာ ထည့်ကြ ပါတယ်။

မဲရုံ နှစ်ရုံရှိပြီး ဒေါ်အောင်ဆန်းစုကြည် လည်း ဒီရွာ မှာ ညအိပ်တဲ့ အတွက် ရွာခံတွေ က ညလုံးပေါက် အတီးအမှုတ် အက အခုန်တွေနဲ့ ဖျော်ဖြေ သလို၊ နိင်ငံခြား ထိပ်တန်း သတင်းထောက်တွေ လည်း အများအပြား တွေ့ရကြောင်း မြန်မာနိုင်ငံတွင်း မှ ဘီဘီစီ မြန်မာဌာန အကြီးတန်း သတင်းထောက် က တယ်လီဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ် ပြောကြားပါတယ်။ ရွာထဲမှာလည်း ဝါးသိင်္ခ ရွာ အမေ့ရွာ လို့ စာတန်းချိတ် ပုံလည်း ပြောပြပါတယ်။

ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ဘက်မှ ဝင် ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာစိုးမင်း တို့ဘက် ကလည်း မော်တော်ကား ၁၀ စီးနဲ့ ရောက်လာကြပြီး သက်ဆိုင်ရာ မဲရုံတွေ ဘက် လှည့်လည် ကြည့်ကြောင်း ရှင်းပြပါတယ်။

နေပြည်တော် ဖက်ကနေ တိုက်ရိုက်သတင်းပေးပို့တဲ့ မြန်မာဌာန မှ သတင်းထောက် က လည်း၊ ဉတ္တရသီရိ မြို့နယ် က မဲရုံ ငါးရုံ အနက် အမှတ် ၁ မဲရုံမှာ မြို့တော် ဂေါက်ကွင်းက ဝန်ထမ်းတွေ မဲလာ ပေးကြောင်း၊ ကြံ့ခိုင်ရေး ပါတီ ကို မဲပေးကြောင်း သိရပုံ ကို တိုက်ရိုက် ပြောပြပါတယ်။ ရွာခံတွေ ကတော့ အေးအေးဆေးဆေး မှ မဲထည့်ကြမယ့် အသွင် ဆောင်ကြတာ် လို့ ရှင်းပြပါတယ်။