ကြားဖြတ်ရွေးကောက်ပွဲဟာ လူထု အောင်ပွဲဘဲလို့ ဒေါ်စု ပြောကြား

ဓာတ်ပုံ မူပိုင် AFP
Image caption အောင်ပွဲခံ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နေရာအားလုံးနီးပါး အ ပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အတွက် ဝမ်းမြောက် ရွှင်မြူးနေကြတဲ့ ထောင်ပေါင်းများစွာ လူထုကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီရလဒ်ဟာ ဒီမိုကရေစီရေး အောင်ပွဲ တရပ် ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး မြန်မာပြည်ဟာ ခေတ်စနစ်သစ် တခုအတွက် ကြိုတင် ပြင်ဆင် ထားသင့်ပြီ ဖြစ်ကြောင်း ပြောကြားပါတယ်။

အထူးသဖြင့် အစိုးရဝန်ထမ်းတွေ ကြီးစိုးတဲ့ နေပြည်တော်လို နေရာမှာ အရှုံးပေါ်ခဲ့တာကြောင့် စစ်တပ်က ကျောထောက် နောက်ခံနဲ့ တက်လာတဲ့ အခုလက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အခုရွေးကောက်ပွဲမှာ အကြီးအကျယ် အရှုံးပေါ်သွားတဲ့အတွက် ပါတီတွင်းမှာ ဆိုးဆိုးဝါးဝါးကို ရိုက်ခတ်မှု ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ်ပါတယ်။