အပြောင်းအလဲမှာ NLD ကို ဖယ်ထားလို့ မရ တာကို ပြ

dassk nld ဓာတ်ပုံ မူပိုင် Getty
Image caption ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အောင်ပွဲဆင်

အဝေးရောက် ပြည်ထောင်စု ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် က ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ အပြောင်းအလဲ ဖြစ်စဉ်မှာ NLD ဟာ မပါမဖြစ် အရေးပါ တယ် ဆိုတဲ့ အချက် ကို ပြသလိုက်တာပဲ လို့ ပြော ပါတယ်။

အမေရိကန်မှာ အခြေစိုက်နေထိုင်နေတဲ့ အတိုက်အခံ အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း က ကြားဖြတ်ရွေးကောက်ပွဲ မှာ အမတ် နေရာ ၄၀ ကျော်လောက်အတွက်သာ ဝင်ပြိုင် ရတာ ဖြစ်တာကြောင့် လွှတ်တော် အတွင်း NLD အမတ်တွေ အနည်းအကျဉ်းသာ နေရာရတာ ဖြစ်ပေမယ့် NLD မဲအပြတ်အသတ် နိုင်အောင် လူထု က ထောက်ခံလိုက်တာကို ကြည့်လိုက် ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါပဲ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ လုပ်လို့ မရတာ ထင်ရှား နေကြောင်း ပြော ပါတယ်။

ဒါပေမယ့် လွှတ်တော်အတွင်း က အင်အားကြီးပါတီ က အပြောင်းအလဲ ကို ဆက်လုပ်မှသာ အပြောင်းအလဲ က ရှေ့ဆက်တိုးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

NLD လွှတ်တော်တွင်း ကို ဝင်ရောက်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း ပြည်ပအင်အားစု တွေ အနေနဲ့ ပြည်ပမှာ ဆက်လက်ရပ်တည် လှုပ်ရှားဖို့ လိုသေးကြောင်း လည်း သူ က ပြော ပါတယ်။

မြန်မာနိုင်ငံ အတွင်း အပြောင်းအလဲ တွေ များစွာ လုပ်ဖို့ လိုနေသေးပြီး လွတ်လပ် ပွင့်လင်းစွာ လုပ်ကိုင် နိုင်မှု ကလည်း မရေရာ သေးတဲ့ အခြေအနေ တွေ ကြောင့် သူ့ အနေနဲ့ ပြည်ပ က နေ လှုပ်ရှားမှု တွေ ကို ဆက်လက် လုပ်သွားဖို့ စီစဉ်ထားဆဲ ဖြစ်ကြောင်း သူ က ပြောပါတယ်။