ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါ၀န် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆု တခု ထပ်ရပြန်တဲ့ စု

အိန္ဒိယနိုင်ငံ ပူးနေးမြို့ အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့ကနေ အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ဘဂ်ဂါ၀န် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ ဒီကနေ့မှာ ရွေးချယ် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်ပြီး အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆုတံဆိပ်နဲ့ ဆုကြေးငွေ အိန္ဒိယ ရူပီးငွေ ဆယ့်တသိန်း (၁၁ သိန်း) ကို လာမယ့် ဂျူလိုင်လမှာ ပေးအပ်မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာယူနိုင်အောင် ဖိတ်ကြားမယ်လို့ ပြောပါတယ်။

ဘဂ်ဂါ၀န် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေး ဆုဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူတွေနဲ့ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူတွေကို နှစ်နှစ် တကြိမ် ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဒီဆုဟာ ပထမဆုံးဆု ဖြစ်တယ်လို့ သိရပါတယ်။