ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထူထောင်ခွင့်ရ

_election_commission ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲ ကော်မရှင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတ က နိုင်ငံရေးပါတီ အဖြစ် ပြန်လည်ထူထောင်ခွင့် ကို ၂၀၁၂ ခုနှစ် ဖေဖေါဝါရီလ ၂၇ ရက်နေ့ က တင်ခဲ့ရာ ဧပြီလ ၆ ရက်နေ့ က ဉပဒေ၊ နည်းဉပဒေ တွေ နဲ့ ကိုက်ညီ တယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင် က ခွင့်ပြုလိုက်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့ အကြောင်း ကို ပါတီ ဉက္ကဌ ဦးသာဘန်း က ဘီဘီစီ ကို ပြောပြရာမှာ တင်းကျပ်တဲ့ ဉပဒေကြောင့်ရယ် လွတ်လပ်မှုလည်း ကင်းမဲ့၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ကိုလည်း လက်မခံ နိုင်တဲ့ အတွက် ဖြစ်ကြောင်း ရှင်းပြပါတယ်။

လာမယ့် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်း ကတော့ ပြောင်းလဲ မယ့် အခြေအနေ ရှိနေတာရယ်၊ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ ပြင်ဆင် လိုက်လို့ ဖြစ်တဲ့ အကြောင်း ဦးသာဘန်း က ပြောပြပါတယ်။ ပါတီ ရဲ့ မူဝါဒ ကလည်း ဒင်္ဂါး တဖက် ရဲ့ ပန်းနဲ့ ခေါင်းလို ဒီမိုကရေစီ ရရုံ နဲ့ မပြီး တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် က တဆင့်၊ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ထူထောင်နိုင်ရေး အထိ သဘောထား ချမှတ်ထားကြောင်း လည်း ပြောပါတယ်။

အခြားရခိုင် တိုင်းရင်းသားပါတီ တွေနဲ့ လည်း အချင်းချင်း ပူးပေါင်းရေး ညှိနှိုင်းပြီး ဖြစ်သလို တိုင်းရင်းသား တပ်ပေါင်းစု ဖွဲ့ရေး နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့လည်း ပူးပေါင်းဖို့ ရှိကြောင်း ဦးသာဘန်း က ရှင်းပြပါတယ်။