NGOတွေ ပိုလုပ်ကိုင်လာနိုင်တယ်လို့ မာလင်ပြော

kachin ဓာတ်ပုံ မူပိုင် HRW
Image caption ကချင်မှာတော့ တိုက်ပွဲတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေ

မြန်မာ နိုင်ငံထဲမှာ ပရဟိတ လုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီတွေ အရင်ကထက် ပိုပြီးလှုပ်ရှားလုပ်ကိုင် လာနိုင်တယ်လို့ ရွာပေါင်း တထောင်ကျော်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ မာလင် အဖွဲ့က ပြောလိုက်ပါတယ်။

တချိန်က အမဲရောင် နယ်မြေလို့ သတ်မှတ် ခံ ထားရတဲ့ ရှမ်းပြည်နယ်ထဲက တချို့ နေရာတွေထိ သွားရောက် လုပ်ကိုင် နိုင်နေတယ်လို့ မာလင်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး ဒေါက်တာ ပေါဆင်ဒါးက ဘီဘီစီကို ပြောပြပါတယ်။

လာမယ့် နှစ်တွေမှာ ခုထက် ပိုပြီး ပွင့်လင်းလာဖို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

တဘက်မှာ ကချင် ပြည်နယ်လို စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေအတွက်တော့ စိန်ခေါ်မှု တွေ ဆက်ရှိနေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံထဲမှာ လောလောဆယ် ပြည်ပက အစိုးရ မဟုတ်တဲ့ အဖွဲ့ပေါင်း ရာနဲ့ချီ လှုပ်ရှား နေပါတယ်။