မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှု အမေရိကန် သက်တမ်းတိုး

Image caption ပြုပြင်ပြောင်းလဲမှုတွေဟာ အခြေတည်စ အခြေ အနေ မျိုးမှာသာ ဆက်လက်ရှိနေသေးတယ်

အမေရိကန်က မြန်မာအပေါ် အရေးယူ ဒဏ်ခတ် ထားတာတွေကို သမ္မတ အိုဘားမားက နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှုတွေနဲ့ အစိုးရ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့်လည်း ဒါတွေဟာ အခြေတည်စ အခြေအနေမျိုးမှာသာ ဆက်လက်ရှိနေသေးတယ်လို့ မစ္စတာ အိုဘားမားက ကြေညာချက်ထုတ်ပြန်ပြီး သတိပေး လိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်အစိုးရသစ်ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု တွေကို ပိုမို တွန်းအားပေးတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက လုပ်ငန်းရှိတွေနဲ့ နိုင်ငံရေး ခေါင်းဆောင် တချို့ အပါအဝင် အီးယူနဲ့ အာရှနိုင်ငံတွေ ကနေ ပိတ်ဆို့မှုတွေ လျှော့ချရေး တောင်းဆိုနေပေမယ့်လည်း မစ္စတာ အိုဘားမားက အခုလို သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချရေး အတွက် ဆွေးနွေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။