မြန်မာတံငါ တထောင်လောက် အိန္ဒိယဖမ်းထား

andaman
Image caption အန္ဒမန် ကျွန်းတွေကို ကျူးကျော် ဝင်ရင် အရေးယူ

အိန္ဒိယ သမုဒ္ဒရာ ထဲက အန္ဒမန် (ကပ္ပလီ) ကျွန်းတွေကို ကျူးကျော် ဝင်လာသူ တွေကို အပြင်းအထန် အရေးယူမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ-မြန်မာ နယ်စပ် ကော်မတီ အစည်းအဝေးမှာ အိန္ဒိယ ဘက်က သတိပေး လိုက်ပါတယ်။

အဲဒိဘက်က လူမနေတဲ့ ကျွန်းတွေမှာ ဧရာဝတီ တိုင်း ဖျာပုံ ဟိုင်းကြီးကျွန်း ဘက်က သူတွေက ပင်လယ်မျော့နဲ့ ခရု သွားငုပ် ကြပါတယ်။

ပင်လယ်မျှော့ကို မျိုးတုံးမှာ စိုးလို့ အိန္ဒိယက ကာကွယ် စောင့်ရှောက် ထားတဲ့အတွက် မိခဲ့ရင် ပြစ်ဒဏ် ပြင်းပြင်း ချ နိုင်ပါတယ်။

အိန္ဒိယ ရေတပ် ကလဲ ကင်းလှည့် သင်္ဘောတွေ ရဟတ်ယာဉ် တွေနဲ့ အထူး ကြပ်မတ် စောင့်ရှောက် နေပါတယ်။

လောလောဆယ် အန္ဒမန် ကျွန်း ပို့ဘလဲ ထောင်မှာ အဖမ်း ခံနေရသူ တထောင်နီးပါး ရှိတယ် ဆိုပါတယ်။