မြန်မာလွှတ်တော်တွေ ပါလီမန် သမဂ္ဂ ကူ

myanmar parliament ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ ပါလီမန် လိုအပ်ချက် သုံးသပ် အကြံပြု

မြန်မာပါလီမန် ကို နိုင်ငံတကာ အဆင့်မီအောင် ကူညီ နေတဲ့ နိုင်ငံတကာ ပါလီမန်သမဂ္ဂ က မတ်လ က သွားရောက် လေ့လာ ခဲ့ပါတယ်။

မြန်မာ ပါလီမန်ရဲ့ လိုအပ်ချက် တွေကို လည်း သုံးသပ်ပြီး အကြံပြုချက် ၅ဝ ကျော် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ပါလီမန် အဖွဲ့အစည်းပေါင်း ၁၇ဝ ကျော် ပါဝင်တဲ့ IPU အဖွဲ့ အစည်းအနေနဲ့ မြန်မာ ပါလီမန် ကို အကူအညီ ပေးဖို့ ကမ်းလှမ်းခြင်းဟာ လွတ်လပ်ရေး မရခင်က မြန်မာနိုင်ငံ ဟာ IPU အဖွဲ့ဝင် ဖြစ်ကြောင်း၊ နှစ်ပေါင်း ၅ဝ ကျော်၊ မြန်မာလွှတ်တော် မရှိခဲ့လို့ အခုမှ ပြန်လည် ဆက်သွယ်ကြောင်း IPU အဖွဲ့ ရဲ့ အထွေထွေ အတွင်းရေးမှူး Mr Anders B. Johnsson က ဘီဘီစီ ကိုပြောပါတယ်။

အတွေ့အကြုံ နုနယ်တဲ့ မြန်မာပါလီမန် ကို အောင်မြင်တဲ့ ပါလီမန် အဖြစ် ကူညီနိုင်ဖို့ သက်ဆိုင်ရာ မြန်မာ ထိပ်တန်း တာဝန်ရှိသူတွေ နဲ့ မကြာခင် က တွေ့ဆုံခဲ့လို့ ပူးပေါင်း ဆောင်ရွက် စရာတွေ ဆွေးနွေးခဲ့ကြောင်း၊ IPU အနေနဲ့ အကျိုးရှိတဲ့ စီမံကိန်းတွေ ရေးဆွဲပေးလေ့ ရှိပုံလည်း Mr Anders B. Johnsson က ပြောပါတယ်။

မြန်မာ နိုင်ငံ ကို IPU အနေနဲ့ အကြံပြု တာကတော့ ပါလီမန် ဆိုင်ရာ လုပ်ဆောင်မှုတွေ၊ ပါလီမန် ကော်မတီ ရဲ့ လုပ်ငန်းတွေ တင်ပြခဲ့ပုံ၊ သုတေသန စာကြည့်တိုက်၊ အတိုက်အခံ ရဲ့ အခန်းကဏ္ဍ မရှိပုံ၊ ပါလီမန်နဲ့ ပြည်သူ ထိတွေ့ဆက်ဆံမှု ရှိရေး၊ စတာတွေ အကြံပြုခဲ့ကြောင်း လည်း ရှင်းပြပါတယ်။

အချိန်တို အတွင်း ပါလီမန်ခေါ်ယူ အစိုးရ ဖွဲ့နိုင်ပုံ၊ ဘဏ္ဍာရေး စီမံကိန်းဆွဲတာတွေ၊ ပါလီမန် လုပ်ငန်းကော်မတီ ရဲ့ လုပ်ဆောင်မှု ကောင်းမွန်တာတွေက မြန်မာ ပါလီမန်ရဲ့ အံ့သြစရာ ကောင်းပုံလို့ Mr Anders B. Johnsson က ပြောပါတယ်။