အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ခရီးစဉ်

sanda_min
Image caption လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း

ဆွီဒင် ပါလီမန်၊ နိုင်ငံခြားရေး ဌာန၊ ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ တို့ရဲ့ ဖိတ်ခေါ်ချက် အရ မြန်မာနိုင်ငံမှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဟာ ဇွန်လ ၆ ရက် နေ့ ကနေ ၁၄ ရက်နေ့ အထိ ဆွီဒင်နိုင်ငံ ကို ခရီးထွက်လာကြပါတယ်။

ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု နဲ့ ချင်း၊ ကရင်၊ မွန် တိုင်းရင်းသား နိုင်ငံရေးပါတီ တွေက ကိုယ်စားလှယ် တွေ ဟာ ဆွီဒင်ပါလီမန် ကိုလေ့လာသလို မြန်မာ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍ ဆွေးနွေးကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ လည်း မြန်မာ အမျိုးသမီးတွေ ရဲ့ ဘဝ တင်ပြကြပါတယ်။

ဆွီဒင် ပါလီမန်ကို လေ့လာမှု ပြုခဲ့ အပြီးမှာ မြန်မာ့ ပါလီမန် မှာပါ လက်တွေ့ အသုံးချဖို့ အရေးမှာတော့ အတုယူဘွယ်ရှိတာကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဆွီဒင် အစိုးရ အဖွဲ့မှာ အာဏာရ ပါတီ ထဲမှာ ပါတီလေးခု၊ အတိုက်အခံ ပါတီထဲ မှာလည်း ပါတီ လေးခု ရှိကြောင်း၊ သမ္မတ မရှိ၊ ဘုရင်စနစ် သာ ရှိတဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ ပါလီမန် အတွင်းမှာ အချင်းချင်း ညှိနှိုင်းပြီး သဘောတူညီမှု ရအောင် ယူကြပုံ၊ ဉပဒေ တရပ်ကိုလည်း ဒီနည်းနဲ့ ပဲ သဘောတူ ပြဌာန်းကြပုံ တွေဟာ အတုယူစရာ ကောင်းတဲ့ အကြောင်း၊ အချိန်လည်း မကုန်ပုံ ကို ဒေါ်စန္ဒာမင်း က ပြောပြပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာတော့ မြန်မာ အမျိုးသမီးတွေ ရဲ့ ဘဝ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ စတာတွေ ကို ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကိုရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ကိုပါ မေးမြန်း ကြောင်း သိရပါတယ်။ ဒီကနေ့မှာ တော့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖို့ ရှိပါတယ်။