နိုင်ငံတည်ငြိမ်ဖို့ သမ္မတမိန့်ခွန်းပြော

_thein_sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အတွင်း မငြိမ်မသက် ဖြစ်မှု နဲ့ ပတ်သက်ပြီး ဘာသာရေး အဖွဲ့အစည်း တွေ၊ ဘာသာရေး ခေါင်းဆောင် တွေ၊ နိုင်ငံရေး ပါတီတွေ ဟာ အစိုးရ နဲ့ လက်တွဲပြီး ဝိုင်းဝန်းထိန်းသိမ်း ပေးရမယ့် အနေအထား ရောက်နေပုံ ကို နေပြည်တော် သမ္မတ ရုံးခန်းကနေ တိုင်းပြည် ကို မိန့်ခွန်း ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ရှေး အစဉ်အဆက် ကတည်းက ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှု တွေ ရှိပေမယ့် အချင်းချင်း လေးစားမှုနဲ့ ယှဉ်တွဲ နေခဲ့တဲ့ အစဉ်အလာကောင်း သမိုင်းကြောင်း ရှိခဲ့ပုံ ကို သမ္မတ ဦးသိန်းစိန် က မိန့်ခွန်းထဲ ထည့်သွင်းပြော ကြားသွားပါတယ်။

လက်ရှိ မတည်ငြိမ်မှု တွေ ပိုမိုကျယ်ပြန့်ခြင်း မရှိအောင် သတိတရား ကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရား ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရ နဲ့ ပူးပေါင်း ထိန်းသိမ်း ဖို့ မေတ္တာ ရပ်ခံ ပန်ကြားသွားပါတယ်။

ပြီးခဲ့တဲ့ ရက် က စစ်တွေ၊ ဘူးသီးတောင်မောင်တော၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့ တွေမှာ အရေးပေါ် အမိန့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တဲ့ အတွက် အကြမ်းဖက်မှုတွေ၊ မီးရှို့ ဖျက်ဆီးမှု တွေ အနည်းငယ် ငြိမ်သွားကြောင်း ဒေသခံ တွေ က ဘီဘီစီ ကို ပြောပါတယ်။

မြို့ပေါ်ရှိ အိမ်တွေ၊ ဗလီတွေ မီးရှို့ခံရမှု ရှိတဲ့ အတွက် သက်ဆိုင်ရာ ကို အသိပေး တိုင်တန်းသော် လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း လည်း ပြောပြပါတယ်။

အခုလို ရခိုင်ပြည်နယ်တွင်း မငြိမ်သက်မှု တွေ ရပ်ဆိုင်းအေးငြိမ်း စေဖို့ ရည်စူးပြီး ရဟန်း သံဃာတော်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ပြည်သူလူထု တွေ စုပေါင်းယင်း ရွှေတိဂုံ ဘုရား တောင်ဘက် စောင်းတန်းရှိ ရခိုင် တန်ဆောင်းမှာ ဝတ်ပြုဆုတောင်းကြပါတယ်။ နယ်ခံ တွေ အတွက်လည်းအစိုးရထံ တောင်းဆိုမှု တွေပြု ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ