အစိုးရ ဆုံးဖြတ်ချက် မှန်သလား

Burning Houses in Sittwe ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမြို့မှာ တိုက်ခိုက်မှု တွေကြောင့် နေအိမ်တွေ မီးလောင်

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှာ အရေးပေါ် အခြေ အနေ ထုတ်ပြန်ထား ပြီး နောက်တစ်နေ့မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှု တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အစိုးရ အနေနဲ့ အခြေခံ ဥပဒေနဲ့ အညီ တဆင့်ချင်း ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြော ပါတယ်။

လက်ရှိ အခြေ အနေတွေထက်ပိုဆိုးလာရင်တော့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာ ရလိမ့်မယ် လို့လည်း သူက ပြောပါတယ်။

လူမျိုးရေးနဲ့ ဘာသာရေး အကဲဆတ်တဲ့ ရခိုင် ပြည်နယ်မှာ ရက်ပိုင်း အတွင်း အခြေ အနေတွေ ရုတ်ချည်း ကြီးကျယ်လာတာဟာ အစိုးရရဲ့ တိုင်တွယ်ပုံနဲ့ ဆုံးဖြတ်ချက် တို့ကြောင့် ဖြစ်တယ်၊ စစ်တပ်က ဝင်ထိန်းဖို့ သမ္မတရဲ့ ဆုံးဖြတ်ချက် နောက်ကျ နေတယ်၊ စတဲ့ ဝေဖန်မှုတွေ ရှိနေ ပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှုး ကတော့ ရာဇဝတ်မှုနဲ့ အဓိကရုဏ်း တွေကို နှိမ်နင်းရေးဟာ ရဲရဲ့ တာဝန်သာ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကို ရဲက ထိန်းနိုင်စွမ်း မရှိတော့မှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် အရ စစ်တပ် က ပါဝင် လာရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က လည်း အကြမ်းဖက် သမားတွေလို့ သတ်မှတ် ထားသူတွေ ဖြစ်ပြီး ပင်လယ်ပြင်က ကျွန်းတွေ ဘက်မှာ ပုန်းအောင်းလို့ ည အချိန်မှာ စက်လှေတွေနဲ့ လာ ရောက် မီးရှို့ ဖျက်ဆီးကြတာ ဖြစ်တယ်လို့ ဦးဇော်ဌေးက စွပ်စွဲ ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ