ရခိုင်မှာ အခြေ အနေ ထိန်းနိုင်ပေမဲ့ စိတ်မချရသေး

UN special envoy for Burma, Mr Nambia ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ နမ်ဘီးယားက ဥပဒေ စိုးမိုးရေး လုပ်ဆောင် တာ ပြဖို့ အစိုးရကို တိုက်တွန်း

ကုလ သမဂ္ဂ အတွင်း ရေးမျူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယားက ရခိုင် တိုင်းရင်းသား တွေနဲ့ ရခိုင် ဒေသက မွတ်ဆလင်တွေကြား ပြီးခဲ့တဲ့ သောကြာနေ့က အကြမ်း ဖက်မှုတွေ စတင် ဖြစ်ခဲ့ရာ ရခိုင်ပြည်နယ်မှာ အခြေ အနေတွေ တည်ငြိမ်မှု ရလာ ပေမဲ့ စိတ်ချရတဲ့ အနေ အထားတော့ မဟုတ် သေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ မစ္စတာ နမ်ဘီယာက အဲဒီမှာ စစ်တပ်ကတော့ တည်ငြိမ်မှု ရအောင် ထိန်းထား နိုင်ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ဘူးသီးတောင် မောင်းတော ဘက်မှာ လူတွေက သူတို့ နေအိမ် တွေကို ပြန်ကြဖို့ အသင့် မဖြစ်ကြသေးဘဲ ကယ်ဆယ်ရေး စခန်းတွေမှာပဲ နေနေ ကြတယ်လို့ ပြောပါတယ်။

အခု ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့ကျ လာအောင် အစိုးရ အနေနဲ့ ဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်မှု ရအောင် ခိုင်ခိုင် မာမာ လုပ်ဆောင်နေ တယ်ဆိုတာကို ပြသ နိုင်ဖို့ လိုတယ် လို့လည်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။။ နောက်ပြီး အခုဖြစ်တဲ့ ဘက်နှစ်ဘက်စလုံးက အဆင့်ဆင့်သော လူတွေနဲ့ အစိုးရဘက်က တွေ့ဆုံဆွေးနွေးပြီး သူတို့ စိတ်ချလက်ချနေလို့ရတဲ့အထိ အစိုးရဘက်က လုပ်ဆောင်နေပါတယ်ဆိုတာ ပြောပြဖို့ လိုပါတယ်။ အခု ကျွန်တော့်ရခိုင်ခရီးစဉ်မှာလည်း နယ်စပ်ရေးရာ ဝန်ကြီးအပြင် အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေ လိုက်ပါလာပြီး သူတို့က လူတွေနဲ့ တွေ့ဆုံပြီး အားပေးတာတွေ လုပ်ပါတယ်။ ဒါတွေ ဆက်လုပ်ရမှာပါ။

အခုရခိုင်မှာ ဖြစ်တဲ့ ပဋိပက္ခက မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အနှောက်အယှက်ဖြစ်နိုင်မယ်ထင်ပါလား။ ကျွန်တော် ကတော့ ဒီလိုပဲ ထင်ချင်ပါတယ်။ အခုဖြစ်တဲ့ ကိစ္စက ရခိုင်ပြည်မှာပဲ ဖြစ်တဲ့ ကိစ္စဖြစ် တယ်။ နောက်ပြီး မြန်မာနိုင်ငံတဝန်းကို ကူးစက်နိုင်တဲ့ ဘာသာရေးနှစ်ခုကြား ဖြစ်တဲ့ အဓိဂရုဏ်းလည်း မ ဟုတ်ဘူးလို့ပဲ မြင်လိုပါတယ်။ နောက်ပြီး အခု ဖြစ်တဲ့ ပြဿနာမှာ တစ်ဘက်ကတော့ ဒေသခံတွေနဲ့ နောက်တဘက်က ရွေ့ပြောင်းအခြေချ လာသူတွေကြား မကြည်လင်မှုတွေ ရှိတာကလည်း အခြေအနေကို ပိုတင်းမာသွားစေခဲ့ပါတယ်။ ဒါကြောင့် ဒေသတခုမှာပဲ ဖြစ်လို့ မြန်မာ့နိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ အခု တိုင်းရင်းသားဒေသတွေက ပဋိပက္ခ တွေနဲ့ပတ်သက်လို့တော့ အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။

အခု ဖြစ်နေတဲ့ ပြဿနာ တွေဟာ ရခိုင်ပြည်နယ် တစ်ခုထဲမှာသာ ဖြစ်နေပြီး ဒီပြဿနာကြောင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကတော့ လမ်းချော် သွားနိုင်ဖွယ် မရှိဘူးလို့ လည်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ