တောင်ပေါ်လူငယ်တွေ ဆေးဝင်ခွင့်ရဖို့

malaria ဓာတ်ပုံ မူပိုင် AFP
Image caption နယ်ဝေးက ပြည်သူတွေ ကျန်းမာရေး မြှင့်ဖို့

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေက ဆယ်တန်းအောင် တဲ့ လူငယ်တွေထဲက ဆေးတက္ကသိုလ် ဝင်ခွင့် အမှတ် မမီပေမယ့် သင့်တော်တဲ့ အမှတ်ရရင် အထူး အစီအစဉ် အနေနဲ့ တက်ခွင့် ပြုမယ်လို့ ဆေးသိပ္ပံ ပညာဌာန က ပြောကြား ပါတယ်။

ဒါဟာ ဝေးလံတဲ့ နယ်တွေမှာ လူထု ကျန်းမာရေး စောင့်ရှောက်မှု အားဖြည့်ဖို့ အပြင် ဒီနယ်တွေက လူငယ်တွေ ဆေးပညာ သင်ခွင့် ပိုရလာရေးလဲ ရည်ရွယ်ပါတယ်။

ဒီလူငယ်တွေကို အဖွဲ့နဲ့ စီစဉ် ရွေးချယ်ပီး ဆရာ တွေက ကြပ်မတ် သင်ကြား ပေးသွားမယ် လို့လဲ သိရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေ အရ နာဂ၊ ဓနု၊ ပလောင်၊ ပအိုဝ်း ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဆိုပီး ဖွဲ့စည်း သတ်မှတ် ထားပါတယ်။