စစ်တွေမြို့ဘက်က နောက်ဆုံး အခြေအနေ

sittwe ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမြို့က ဒုက္ခသည်များ

မြန်မာ နိုင်ငံက ရခိုင်ပြည်နယ် ရဲ့ မြို့တော် စစ်တွေမြို့ နဲ့ အနီးတဝိုက်မှာ ဗုဒ္ဓဘာသာ ဝင်တွေနဲ့ မွတ်စလင် တွေအကြား တိုက်ခိုက်မှု တွေဆက်ဖြစ် နေတယ်လို့ အဲဒီဘက်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အဲဒီက လူမှု ကူညီရေး လုပ်သားတယောက် က စစ်တွေမြို့မှာ စျေးတွေနဲ့ ဆိုင်တွေ ပိတ်ထားပြီး အခြေအနေဟာ တင်းမာ နေဆဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရ အရာရှိ တဉီးကတော့ နောက်ထပ် ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု တွေရဲ့ အန္တရာယ်ကြောင့် မွတ်စလင် ၆၀၀ လောက်ကို စစ်တွေ မြို့ထဲကနေ ပြောင်းရွေ့ နေရာချထား ပေးထားတဲ့ အကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၆၀ ကျော်လောက် သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ ရပါတယ်။