ဒေါ်စု ပါရီ သွားမယ်

aung san ဓာတ်ပုံ မူပိုင် AP
Image caption ပါရီကို အပြန်လမ်းမှာ ဝင်

ဒေါ် အောင်ဆန်း စုကြည်ဟာ ပြင်သစ် သမ္မတ ဖိတ်ကြား ချက်နဲ့ ပါရီမြို့ ကို ဇွန် ၂၆ ရက် အင်္ဂါနေ့ မှာ သွားမှာ ဖြစ်ပါတယ်။

ဥရောပ ခရီးစဉ် နောက်ဆုံး ခရီးထောက်လဲ ဖြစ်ပြီး ၂၉ ရက်ထိ နေပါ လိမ့်မယ်။

နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် လာကြိုပြီး သမ္မတ အိမ်တော်မှာ သမ္မတ နဲ့ တွေ့ဆုံမှာပါ။

သတင်းစာ ရှင်းလင်းပွဲ လဲ လုပ်ပါလိမ့်မယ်။

၂၇ ရက် နေ့လယ် ၁၂ နာရီ မှာ ၂ဝဝ၄ ခုနှစ်က ပါရီမြို့က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် မြို့သူ ဆုကို မြို့တော်ဝန် ဆီက လက်ခံ ရယူ ဖို့ ရှိပါတယ်။

အဲဒိ မနက်မှာပဲ ပါရီ မြို့တော် ခန်းမမှာ ပြင်သစ် နဲ့ ဥရောပ နိုင်ငံ တွေက မြန်မာ အဝေးရောက် တွေနဲ့လဲ တွေ့ဆုံဖို့ ရှိပြီး မေးခွန်း တွေ ဖြေကြားဖို့ ရှိတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ