မြစ်ကြီးနား ဘောလုံးကွင်းအနီး ဗုံးကွဲ

Kachin ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကချင်ပြည်နယ်အတွင်း မတည်ငြိမ်မှု ဖြစ်နေတာ ၁ နှစ်လောက်ရှိလာ

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်က မိုးလုံလေလုံ အားကစားကွင်းအနီး လဝကရုံးနားမှာ သောကြာနေ့ ညနေ ၆နာရီ ကျော်ကျော်က ဗုံးတလုံးကွဲလို့ လူတယောက် သေဆုံးသွားတယ်လို့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

ဘောလုံးကွင်းနားမှာနေတဲ့ ဒေသခံ တယောက်ကတော့ သူ့အိမ်ကနေ ပေါက်ကွဲတဲ့ အသံ အကျယ်ကြီး ကြားရတယ်လို့ ပြောပါတယ်။

ဗုံးကွဲချိန်ဟာ စီတာပူ ဘောလုံးအသင်းနဲ့ သီတာအသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲအပြီး အားကစားကွင်း အပြင်ဘက်မှာ ကွဲတာမို့ လူအများ ကံသီလို့ ဘေးလွတ်သွားတယ်လို့ ပြောပါတယ်။

ဒီဗုံးကိုတော့ ဘယ်သူဘယ်ဝါ ခွဲတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေနဲ့ ရဲစခန်းဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ