လှိုင်သာယာမှာ ကျူးကျော်မှုနဲ့ ဖမ်းခံရ

farmers ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ကျူးကျော် နေထိုင်မှုနဲ့ တရားစွဲခံထားရသူတွေထဲ အဖမ်းခံရသူ နှစ်ဆယ်ကျော် ရှိသွားပြီ

ရန်ကုန် လှိုင်သာယာ မြို့နယ်မှာ ကျူးကျော် နေထိုင်မှုနဲ့ အိုးအိမ်ရဲ့ တရားစွဲ ခံထားရတဲ့ အိမ်ထောင်စုဝင် ၂၈ ခုက လူ ဆယ့်ငါး ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။

တနင်္ဂနွေနေ့ည ဆယ့်တနာရီလောက်မှာ ၁၂ ယောက် အဖမ်းခံရပြီး တနင်္လာနေ့က နောက်ထပ် သုံးယောက် အဖမ်းခံရတယ်လို့ သတင်းရရှိပါတယ်။

သူတို့ကို အိုးအိမ် ဉီးစီးဌာနက ကျူးကျော် နေထိုင်မှု ပုဒ်မ ၄၄၇ နဲ့ တရား စွဲထားတာ ဖြစ်ပါတယ်။

တရားစွဲခံရသူတွေကို တရားသူကြီးက အထက် အမိန့်နဲ့ ဖမ်းဆီးတာ ဖြစ်တယ်လို့ ပြောပြကြောင်း အဖမ်း ခံရသူတွေ ဘက်က လိုက်လံ ဆောင်ရွက်ပေးနေတဲ့ မစုစုနွေးက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး မိသားစုဝင်တွေက သူတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့တုန်းကလည်း အခု တရားစွဲခံထားရတဲ့ မိသားစု တွေထဲက ခုနှစ်ယောက်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။

ထိန်းသိမ်းခံရတဲ့ထဲမှာ မူလတန်း ခလေးတွေ အတွက် ဗေဒါ နံမယ်နဲ့ အခမဲ့ကျောင်း ဖွင့်ပေးထားတဲ့ ကိုမောင်စိုးနဲ့ ကိုမြင့်လှိုင်တို့လည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ