ဒေါ်စုနဲ့ မက်ကောနဲလ် ဘာတွေ ဆွေးနွေး ခဲ့သလဲ

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်ဟာ ဇူလိုင်လ ၁၆ရက် နေ့ညပိုင်းက အမေရိကန် အထက် လွှတ်တော် အမတ် မစ်ချ် မက်ကောနဲလ် နဲ့ ဆက်သွယ်ပြီး Burma Freedom and Democracy Act (BFDA) ကိစ္စ ဆွေးနွေး ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် တက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ တခြား အမတ်များ

တယ်လီဖုန်း က တဆင့် ဆွေးနွေးရာမှာ မြန်မာ နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုအမို ကောင်းမွန် လာစေရေး၊ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ အရှိန် မြင့် လာစေရေး၊ မြန်မာ ပြည်သူ လူထု ရဲ့ ဘဝတွေ ပိုမို တိုးတက် ကောင်းမွန် လာစေရေး တို့ကို ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေး ခဲ့ကြ တယ်လို့ လွှတ်တော် အမတ် တစ်ယောက် ဖြစ်သူ အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်း ကြိုင်က ဘီဘီစီကို ပြော ပါတယ်။

မူလက မြန်မာ နိုင်ငံ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ ဒီမိုကရေစီရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ပြုလုပ် စေချင်လို့ ဖြစ်ပြီး အခု နောက်ပိုင်း မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အရ လျှော့ပေါ့ ပေးနေ တာကို သဘော ပေါက် သင့်တယ်၊ တဘက်က ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးနေသလို မြန်မာ အစိုးရ ဘက်ကလည်း တိုးတက် ပြောင်းလဲမှုတွေ အရှိန်နဲ့ ဖော်ဆောင် လာသင့်တယ်လို့ ဦးအုန်း ကြိုင်က ပြော ပါတယ်။

မစ်ချ် မက်ကောနဲလ် ဟာ Burma Freedom and Democracy Act ကို အဆိုပြု တင်သွင်းခဲ့သူ ဖြစ် ပါတယ်။

မကြာခင် အဲဒီ ဥပဒေ သက်တမ်း ပြည့်တော့မယ့် အချိန်မှာ ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ မြန်မာ နိုင်ငံ အပေါ် အမေရိကန်ရဲ့ ပတ်ဆို့ အရေးယူမှု တွေ လျှော့ပေါ့ ပေးရေး အတွက် ဦးဆောင် လှုပ်ရှား ပေးဖို့ သင့်တော်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် လွှတ်တော် ကနေ တာဝန် ပေးသင့်တယ် ဆိုတဲ့ အရေးပေါ် အဆို တင်သွင်းခဲ့တဲ့ အကြောင်းနဲ့ အခု ဒေါ်အောင်ဆန်း စုကြည်နဲ့ မစ်ချ် မက်ကောနဲလ် ရဲ့ ဆွေးနွေးမှု ဆက်စပ် နေတယ်လို့ ဦးအုန်း ကြိုင်က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ