ဒီကနေ့ အပြောင်းအလဲတွေဟာ ၈၈၈၈ အကျိုးဆက်လား

8888
Image caption ဒီကနေ့ အပြောင်းအလဲတွေဟာ ၈၈၈၈ ရဲ့ အကျိုးဆက်လား

သြဂုတ်လ ၈ ရက်နေ့ဟာဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ၂၄ နှစ်ပြည့်ပါပြီ။ လက်ရှိ အစိုးရသစ်၊ လွှတ်တော်နဲ့ ဒီကနေ့ ဒီအခြေအနေ ဒီအပြောင်း အလဲတွေဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က ဖြစ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အကျိုးဆက်လို့ ဆိုကြပါတယ်။ ဒီအဆိုကို ဘယ်လောက် အတိုင်းအတာ အထိ သောတရှင်တွေ လက်ခံပါသလဲ။ သြဂုတ်လ ၈ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးမယ်ဆို ဘီဘီစီရဲ့ အသံသွင်း တယ်လီဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး အသံသွင်း ပြောထားနိုင်သလို ဘီဘီစီရဲ့ အီးမေးလ် burmese@bbc.co.uk ကိုလည်း ဆက်သွယ်ပြီး ပြောကြားနိုင်ပါတယ်။ တယ်လီဖုန်းနံပါတ်နဲ့ ကိုယ်နေတဲ့ နိုင်ငံကို ပြောထားခဲ့မယ် ဆိုရင်တော့ ဘီဘီစီက ပြန်ပြီး ဆက်သွယ်မှာ ဖြစ်ပါတယ်။