ရခိုင်ပြည်နယ် က ပြန်ခဲ့တဲ့ ကင်တားနား ရဲ့ သတင်းစာရှင်းလင်းပွဲ

quintana_rakhine ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် လွှတ်ဖို့ တောင်းဆိုတာ ကို ထောက်ခံခဲ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ အိုဟေး ကင်တားနား ဟာ ရခိုင်ပြည်နယ် ဘက်အခြေ အနေ ကို သွားရောက်လေ့လာပြီး လွတ်လပ်တဲ့ စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စေလွှတ်ဖို့ အရေး သူထောက်ခံသွားမယ် လို့ ပြောကြား လိုက်ပါတယ်။

သြဂုတ် လ ၄ ရက်နေ့ ညပိုင်း မြန်မာပြည် ကနေ ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သူ က အခုလို ပြောကြားခဲ့တာ ဖြစ်ကြောင်း အဲဒီ သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက်ခဲ့တဲ့ မြန်မာ သတင်းထောက် တဉီး က ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာနိုင်ငံ ကို ဇူလိုင်လ ၂၉ ရက် က ရောက်လာခဲ့တဲ့ မစ္စတာ ကင်တားနား ဟာ အခု တခေါက် ခရီးစဉ်မှာ ရခိုင်ဒေသ က အကြမ်းဖက်မှု တွေ မှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေ အပေါ် အဓိက သွားရောက် လေ့လာခဲ့တာပါ။

လူမျိုးအလိုက် ခွဲခြားပြီး နေရာချထားမျိုး တွေ မလုပ်သင့်ကြောင်း နဲ့ အသိုင်းအဝိုင်း တခုနဲ့ တခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် နိုင်ရေး အတွက် ကြိုးပမ်းသင့် ကြောင်း သူ က ပြောပါတယ်။

၂ ဘက်တိုက်ခိုက်မှုတွေ ကို ငြိမ်သက်သွားအောင် အစိုးရ က ကိုင်တွယ် ဆောင်ရွက်ပုံတွေ ကို လည်း သူ့ အနေနဲ့ အသိအမှတ်ပြုကြောင်း နဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီးလည်း သူ ဆက်လက် လေ့လာသွားမယ့် အကြောင်း ပြောသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ