BBC navigation

ကချင် ဒုက္ခသည်တွေ မြန်မာ ပြည် ပြန်ရွှေ့ရ

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 01:28 GMT
kachin

တရုတ် ဘက်က လိုလိုလားလား မရှိလို့ ရွှေ့ပေးရ

တရုတ်- မြန်မာ နယ်စပ် တရုတ် ဘက်ခြမ်း နုန်တောင်း က စခန်း(၃)ခုက ဒုက္ခသည်တွေ ဗုဒ္ဓဟူးနေ့ကစလို့ မြန်မာ ဘက်ခြမ်းဆီ ရွှေ့ပြောင်းလာခဲ့ကြရတယ်လို့ သိရပါတယ်။

ကချင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ခြမ်းမှာ ဒုက္ခသည်တွေ ခိုလှုံနေကြတာပါ။

တရုတ်ဘက်က လိုလိုလားလား မရှိလို့ တရုတ်နဲ့ ကေအိုင်အေ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်း ရွှေ့ပြောင်း ပေးရတဲ့ သဘောလို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၁၁ခုနှစ် ကတည်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ထွက်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်တွေ များသထက် များလာနေ တာကြောင့် မြန်မာပြည်ဘက်အခြမ်း ပြန်သွားကြဖို့ တရုတ်ဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အခုအခါမှာတော့ သြဂုတ်လမကုန်ခင် မပြောင်းမဖြစ် အပြီး ပြောင်းဖို့ တရုတ်အာဏာပိုင်တွေဘက်က တရားဝင် ပြောလာခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့က စလို့ ရွှေ့ပြောင်းခဲ့ ကြရတာ ဖြစ်ပါတယ်။

မိုးတွင်းကုန်မှ ပြောင်းဖို့ ဒုက္ခသည်တွေဘက်က မေတ္တာ ရပ်ခံခဲ့ပေမယ့် မရပဲ မပြောင်းမဖြစ် ပြောင်းရွှေ့ခဲ့ကြရတာမို့ ဒုက္ခသည်တွေ အနေနဲ့ နားခိုစရာ နေရာ အခက်အခဲတွေ ရှိနေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကချင် ဒုက္ခသည်တွေ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ WPN အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်မေလီအောန်က ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်တွေ မြန်မာပြည်ဘက်ခြမ်း ရွှေ့ ပြောင်းရာမှာ တရုတ် နယ်စပ် လုံခြုံရေး တာဝန် ရှိသူတွေဘက်က ဘတ်စ်ကားတွေနဲ့ လိုက်ပို့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။