BBC navigation

ဧရာဝတီ လွှတ်တော်က ရယကကို အရေးယူဖို့ လုပ်

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 01:17 GMT
pathein_pagoda

ပုသိမ်မြို့က လတ်တလော မြင်ကွင်း

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ အစိုးရပိုင်မြေရာ တချို့ကို နယ်မြေခံအာဏာ ပိုင်တွေက ရောင်းစား လိုက်တယ်ဆိုတဲ့ တိုင်တန်းမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရက အရေးယူ ဆောင်ရွက်ပေးဖို့အတွက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ကနေ ဒေသ အုပ်ချုပ်ရေး ရယကတွေအပေါ် ပထမဆုံး အရေးယူလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

ပုသိမ်မြို့၊ ဧရာမင်း စျေးက စည်ပင်သာပိုင် မြေတစ်စိတ်တဒေသကို အိမ်မြေကွက် ရောင်းချတဲ့အမှုနဲ့ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်း ကျေးရွာက ဘော်လုံးကွင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရောင်းချတယ်ဆိုတဲ့ တိုင်တန်း မှုကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရက အရေးယူ ဆောင်ရွက်ပေးဖို့ ဧရာဝတီတိုင်း လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်တယ်လို့ ပုသိမ်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ဒေါ်ခင်ခင်စီက ပြောပြ ပါတယ်။

အစိုးရအဖွဲ့က ဘယ်လို အရေးယူဖြေရှင်း သလဲဆိုတာကို နောက် ၂ လ အကြာမှာ ပြုလုပ်မယ့် ဧရဝတီတိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရအဖွဲ့က တင်ပြရမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။