BBC navigation

ဝန်ကြီး အပြောင်းအလဲ ဦးဝင်းတင် မှတ်ချက်

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 02:35 GMT
win tin

ဒီလူတွေကို ဖယ်သင့်တာ ကြာပြီ ဆို

မြန်မာ အစိုးရ ထဲက သဘောထား တင်းမာ သူ ဝန်ကြီး တချို့ ကို အပြောင်းအလဲ လုပ်တာဟာ အစိုးရ ပေါ်က ဝန်ထုပ်တွေကို ဖယ်လိုက်တာပဲ လို့ ဦးဝင်းတင်က မှတ်ချက် ပေးပါတယ်။

ဦးဇော်မင်း၊ ဦးကျော်ဆန်း တို့လို လူတွေကို ဖယ်ထုတ်သင့်တာ ကြာပြီ လို့လဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကဝင် ဦးဝင်းတင်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒါပေမယ့် ဒီပြုပြင်ရေး တွေကနေ NLD နဲ့ လက်တွဲ ဆောင်ရွက်လာတာ မျိုးတွေ ရှိလာမယ် လို့ မယူဆဘူး လို့လဲ ဦးဝင်းတင်က ဆိုပါတယ်။

အပြောင်းအလဲက ဒီလောက်နဲ့ မရဘဲ ဆက်လုပ်ရ အုံးမယ်၊ ဒီလို လုပ်ဖော်ကိုင်ဘက် တွေကို တွေကို ဘေးဖယ်တာဟာ ဦးသိန်းစိန် သြဇာ တက်ဖို့ထက် ပြည်သူ့ အကျိုး စီးပွားမှာ အဟန့်အတား ဖြစ်နေသူ တွေကို ဖယ်ရှားတာ လို့ပဲ ယူဆကြောင်း သူက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။