BBC navigation

ပြည်ပအတိုက်အခံ အခန်းကဏ္ဍ ကျန်သေးလား

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 18:31 GMT
Thein Sein

ပြည်ပနေ အတိုက်အခံတချို့ကို စည်းရုံးနိုင်ခဲ့သူ သမ္မတ ဦးသိန်းစိန်

စစ်အစိုးရကို နှစ်ပေါင်း ၂၀ ကျော် ပြည်ပကနေ တောက်လျှောက် ဆန့်ကျင်ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေလည်း ပြည်တွင်း ပြန်ဝင်ကြလို့ တချို့ဆို သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးလမ်းကြောင်းထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေကြပြီ ဖြစ်ပါတယ်။ ဒီတော့ မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ ပြည်ပနေ မြန်မာ့အတိုက်အခံတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် ကျန်ပါသေးလဲ။ စက်တင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင် ဆွေးနွေးလိုတဲ့ သောတရှင်တွေ ဘီဘီစီကို ကြိုတင် ဆက်သွယ် နိုင်ပါတယ်။ ဘီဘီစီရဲ့ အီးမေးလ်ဖြစ်တဲ့ Burmese@bbc.co.uk ကို ရေးသား ဆွေးနွေးနိုင်သလို တယ်လီဖုန်းနံပါတ်နဲ့ နေတဲ့ နိုင်ငံကို ပြောထားမယ်ဆိုရင် ဘီဘီစီက ပြန်ဆက်သွယ်ပါ့မယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။