BBC navigation

နိုင်ငံရေးအမှုလိုက် ရှေ့နေ ထောင် ၆ လ ချ

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 00:16 GMT
Justice

မြန်မာနိုင်ငံက တရားစီရင်ရေးအပေါ် ထောင်ပြ ဝေဖန်မှုများ ဆက်ရှိနေ

နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရှေ့နေ လိုက်ပေးတဲ့ ဦးစောကျော်ကျော်မင်းကို တရားရုံး အနှောင့်အယှက်ပြုမှုနဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဗုဒ္ဓဟူးနေ့က ထောင် ၆ လ ချလိုက်ပါတယ်။

၂၀၀၈ တုန်းက ဦးစောကျော်ကျော်မင်းနဲ့ ဦးညီညီထွေး တို့ နိုင်ငံရေး အကျဉ်းသား ၁၁ ဦး အမှုကို လိုက်နေစဉ် တရားရုံး နှောင့်ယှက်မှုနဲ့ ထောင်ချခဲ့ရာမှာ ဦးညီညီထွေးက ထောင်ကျခံခဲ့ပြီး ဦးစောကျော်ကျော်မင်း ကတော့ ထိုင်းနိုင်ငံကို တိမ်းရှောင်ခဲ့ပါတယ်။

ဦးစောကျော်ကျော်မင်းဟာ မေလက မြန်မာပြည် ပြန်လာရာမှာ အရင်အမှုနဲ့ ထပ်တရားစွဲခံရပြီး အခုလို ပြစ်ဒဏ်ချမှတ် ခံရတာ ဖြစ်ပါတယ်။

၂၀၀၈ တုန်းက နိုင်ငံရေး အကျဉ်းသား သုံးဦးက တရားမျှတမှု မရှိတဲ့ တရား စီရင်ရေး ကို အသိအမှတ်မပြု နိုင်ကြောင်း ပြောတဲ့အခါ ရှေ့နေ နှစ်ဦးကို သူတို့ အမှုသည်တွေကို ထိန်းသိမ်းဖို့ တရားသူကြီးက ပြောရာမှာ ရှေ့နေ နှစ်ဦးက သူတို့ ပြောပိုင်ခွင့် မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်ပြီး တရားခွင် အတွင်း ရဲဝန်ထမ်းတစ်ဦး ဖုန်းပြောနေတာကို ရှေ့နေတွေက ထောက်ပြခဲ့တဲ့ အပေါ်လည်း ရှေ့နေတွေက တရားရုံး အနှောက်အယှက် ပြုတယ် ဆိုပြီး တရားစွဲခံရတာ ဖြစ်ကြောင်း ဦးညီညီထွေးက ဘီဘီစီကို ရှင်းပြပါတယ်။

ကိုစောကျော်ကျော်မင်း အမှုနဲ့ပတ်သက်ပြီး သူ့ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ မကိုက်ညီဘူးဆိုပြီး အယူခံဝင်မယ် လို့လည်း သူ့ရဲ့ ရှေ့နေတစ်ဦး ဖြစ်တဲ့ ဦး အောင်သူရိန်ထွန်းက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။