BBC navigation

ကချင်လယ်သမားတွေ နဲ့ယုဇနကုမ္ပဏီ ညှိလို့ရ

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 23:14 GMT
bbc_dfarm_

ပျက်စီး လယ်မြေ

၂ဝဝ၆ ခုနှစ်က လယ်ယာမြေ သိမ်းယူမှုကြောင့် ယုဇန ကုမ္ပဏီ နဲ့ ကချင်ပြည်နယ် ဖါးကန့် မြို့နယ်၊ ဝါရစွပ် ကျေးရွာ အုပ်စု လယ်သမား တွေ နှစ် အတန်ကြာ အောင် တရားစွဲဆိုမှု ဖြစ်ရာက အခု လယ်မြေတွေ ပြန်ရတော့မှာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်က ယုဇန ကုမ္ပဏီ ရုံးရှေ့မှာ ဆန္ဒပြဖို့ ရန်ကုန် ဆင်းလာတဲ့ ကချင် တောင်သူတွေ နဲ့ ညှိနှိုင်းဖို့ ကမ်းလှမ်းခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု က ဒေါ်ဘောက်ဂျာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

မူလက ဦးဌေးမြင့်က သူသိမ်းယူထားတဲ့ လယ်မြေတွေ အပေါ်မှာ တောင်သူတွေ ထွန်ယက် စားကြပါ၊ အကျိုးအမြတ် တဝက်စီ ယူမယ် လို့ ဆိုပါတယ်။

ဒါပေမယ့် တောင်သူတွေ က လက်မခံတဲ့ အတွက် တရားစွဲတဲ့ တောင်သူတွေ ရဲ့ လယ်မြေ ကို ပြန်ပေးမယ်၊ ပျက်စီးသွားတဲ့ လယ်မြေ ကိုလည်း အဆင်သင့် စိုက်ပျိုး လို့ရတဲ့ အထိ လုပ်ပေးမယ်၊ ပိုင်ဆိုင်မှု ကိုလည်း ကိုယ့် အမည် ပြန်ပေါက် တဲ့အထိ ပြန်လုပ်ပေး မယ်လို့ ဆိုပုံ ကို ဒေါ်ဘောက်ဂျာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါပေမယ့် သိမ်းထားတဲ့ လယ်မြေ အားလုံး ပြန်ပေးမှာ မဟုတ်ဘဲ တရားစွဲတဲ့ တောင်သူတွေ ကိုပဲ ပြန်ပေးမယ် ဆိုလို့ ဧက နှစ်သိန်း ကျော် သိမ်းထားတဲ့ အနက် ဧက ၅ဝဝဝ ပဲ ပြန်ရကြ မှာပါ။

တရားမစွဲတဲ့ တောင်သူတွေ အနေနဲ့ နစ်နာပေမယ့် ပညာမတတ် တဲ့ အထဲ စစ်အရှိန်ကြောင့် ကြောက်နေရ သလို စစ်တပ် နဲ့ ရဲ က ပလူပြန်အောင် ခြိမ်းခြောက် နေလို့ ရှေ့ဆက် မတိုးဝံ့ပုံ ကို ဒေါ်ဘောက်ဂျာ က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။