BBC navigation

ကြေးနီမိုင်း လယ်သိမ်းမှု ကူသူ ပျောက်ဆုံး

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 03:01 GMT
monywa

ပျောက်ဆုံးနေတဲ့ ကိုဝေဠု(ဓာတ်ပုံ -Thanlarwaddy Times)

မုံရွာ အနောက်ဘက် ဆားလင်းကြီး လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကြောင့် လယ်သိမ်း ခံရတဲ့ လယ်သမား တွေ ဘက်က ကူညီ ပေးနေတဲ့ ကိုဝေဠု ဖမ်းဆီး ခံရပြီး ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၁ ရက်က မြင်းမူမှာ သူပါလာတဲ့ ခြေလျင်စကြာ မော်တော်ယာဉ် လိုင်းကားပေါ် တက်ပြီး ရဲက ဖမ်းသွားတာလို့ လုပ်ဖော် ကိုင်ဘက် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

လက်ပံတောင်းတောင် မြေသိမ်း ကိစ္စ လိုက်ပါ ကူညီနေသူ မိတ္ထီလာ ဒေါ်မြင့်မြင့်အေး၊ ကိုဟန်ဝင်းအောင်၊ ကိုဝေဠု စတဲ့ လူ ၈ ယောက် နာမည်ကို ယာဉ်ပေါ် ဖတ်ပြပြီး ရှာဖွေ ဖမ်းဆီး သွားတာလို့ ဆိုပါတယ်။

နောက်နေ့ ရဲစခန်းကို သွားစုံစမ်း ပေမယ့် ကိုဝေဠု ဒီမှာ မရှိဘူးလို့ စခန်းက ငြင်းဆိုပါတယ်။

သူ့ကို ဖမ်းသွားစဉ်က ရှိတဲ့ ကားလိုင်း တာဝန်ရှိသူများနဲ့ မိသားစုက စခန်းမှာ ထပ်စုံစမ်း မယ်လို့ သိရပါတယ်။

မြေသိမ်း ခံနေရတဲ့ ဝက်မှေး၊ ဆည်တဲ ရွာတွေမှာ လုံခြုံရေး တိုးချ ထားတာမို့ အသွားအလာ ခက်နေတယ်လို့ သိရပါတယ်။

လယ်သိမ်းမှု ကန့်ကွက်တဲ့ ဆန္ဒပြ မှုတွေလဲ ဆားလင်းကြီးမှာ မကြာခင်က ဖြစ်ပွား ခဲ့ပါတယ်။

မြင်းမူ ရဲစခန်းကို ဘီဘီစီက ဆက်သွယ် ခဲ့ပေမယ့် တုံ့ပြန် ဖြေကြားမှု မရှိပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။