BBC navigation

ပြန်ကြားရေးဝန်ကြီးသစ်နဲ့ သတင်းစာဆရာတွေ့

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 00:54 GMT
_burmese_newspaper_

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့် ရှိနိုင်

ပြန်ကြားရေးဝန်ကြီးသစ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဥက္ကဌ ဝါရင့် သတင်းစာဆရာ မောင်ဝံသ တို့ မနေ့ မနက်က ရန်ကုန်မြို့မှာ တနာရီ နီးပါး သီးသန့် တွေ့ဆုံပြီး မြန်မာနိုင်ငံ သတင်းစာ လောက တိုးတက်ရေး အတွက် ဆွေးနွေးကြပါတယ်။

မီဒီယာ ဥပဒေ နဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမားတွေ လက်မခံနိုင်၊ သဘောမကျ တဲ့ အချက်တွေ မပါဝင်ရေး၊ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ မီဒီယာ ဖြစ်အောင် လုပ်ပေးရေး စတာတွေ ကို ဝန်ကြီး ဦးအောင်ကြည် နဲ့ ဆွေးနွေးရာ မှာ ဝန်ကြီးက လိုက်လျောပေးနိုင်တဲ့ အကြောင်း ဆရာ မောင်ဝံသ က ဘီဘီစီ ကို ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် ဟာ ရိုးသားပွင့်လင်း သလို ကိုယ်တိုင်လည်း စာရေးသူ ဖြစ်တဲ့ အတွက် မီဒီယာ လောက နဲ့ ပတ်သက်ပြီး စေတနာ ရှေ့ထား လုပ်မယ့် ရည်ရွယ်ချက် ရှိပုံ ကို လည်း ဆရာ မောင်ဝံသ က ရှင်းပြပါတယ်။

မီဒီယာ သမားတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့် ကို တိုးတက် ရရှိစေရေး စတာတွေ ဆက်လက် လုပ်ကိုင် နိုင်လိမ့်မယ် လို့ လည်း ဆရာ မောင်ဝံသ က မျှော်လင့် ကြောင်း ပြောပြပါတယ်။

နေ့စဉ်ထုတ် သတင်းစာ တွေ ပေါ်ပေါက်ရေးမှာလည်း လုပ်ကိုင်ခွင့် အလားအလာ ရှိတဲ့ အတွက် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် ရရှိရေး အလားအလာ မြင်ပုံ ကို ပြန်ကြားရေးဝန်ကြီးသစ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဥက္ကဌ ဝါရင့် သတင်းစာဆရာ မောင်ဝံသ က ဘီဘီစီ ကို ပြောပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။