BBC navigation

နိုင်ငံရေး အရင်ဆွေးနွေးဖို့ လိုတယ်လို့ ကေအိုင်အို ပြော

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 01:18 GMT
KIO

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

ငြိမ်းချမ်းရေး ရဖို့အတွက် နိုင်ငံရေး ပြဿနာ တွေကို အရင် ဆွေးနွေးရမယ်လို့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့က ထပ်မံပြောကြား လိုက်ပါတယ်။

ကေအိုင်အို အဖွဲ့က နိုင်ငံရေး အရင် ဆွေးနွေးပြီးမှ အပစ်ရပ်နိုင်မယ်လို့ ဆိုတာကြောင့် ငြိမ်းချမ်းရေး မရနိုင်တာ ဆိုပြီး ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် ရဲ့ ပြောကြား ချက်ကို ကေအိုင်အို ပြောခွင့် ရသူက အခုလို တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ အပစ်ရပ် ခဲ့တဲ့ ဆယ်နှစ်တာ ကာလ အတွင်း နိုင်ငံရေး အရ အဖြေ မရှာနိုင် ခဲ့ဘဲ၊ နောက်ဆုံးမှာ အစိုးရဘက်က ပြန်တိုက်လာတာ ဖြစ်တဲ့အတွက် အပစ်အခတ် ရပ်ယုံနဲ့ ငြိမ်းချမ်းရေး မရ နိုင်ဘူးလို့ ကေအိုင်အို ဖက်က ပြောနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း သမ္မတ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ငြိမ်းချမ်းရေးတည်ဆောင်နိုင်ပြီဆိုရင်၊ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေ အတော် များများ အောင်မြင်ပြီလို့ ပြောနိုင်တဲ့ အကြောင်း သမ္မတဉီးသိန်းစိန် က ဆိုလိုက်ပါတယ်။

ကေအိုင်အို ဘက်ကတော့ မြန်မာ အစိုးရဟာ သူတို့ ဒေသ အတွင်း စစ်တပ်တွေ တိုးချဲ့ ချထားပြီး ထိုးစစ်တွေ ဆင်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။