BBC navigation

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 11:51 GMT
U Thein Sein

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးတိုက်တွန်းပေမယ့်လို့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက လုပ်ခွင့်သာပါ့မလား

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြည်နယ်၊ တိုင်းတွေက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တွေ့ဆုံခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြား ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ရေး ကူညီ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ တိုင်းရင်းသား ဝန်ကြီးတွေရဲ့ အခန်းကဏ္ဍဟာ တကယ်ရော ရှိပါရဲ့လား။ သောတရှင်တွေရဲ့ အမြင်၊ အတွေး အထွေထွေတွေကို စက်တင်ဘာ ၁၂၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ် ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အခုပဲ တခုခု ပြောစရာရှိရင် ဘီဘီစီရဲ့ BBC Burmese ဖေ့စ်ဘုတ်မှာ ပါဝင် ဆွေးနွေးနိုင်သလို တိုက်ရိုက် ပါဝင် ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးလိုတဲ့ အကြောင်းအရာနဲ့ တယ်လီဖုန်းနံပါတ်ကို Burmese@bbc.co.uk ကို ရေးသား ပေးပို့လိုက်ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါ့မယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။