BBC navigation

ဦးသိန်းစိန် အမေရိကန် မသွားခင် တရုတ်ပြည် သွားမယ်

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 15:35 GMT
Burma President U THein Sein

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အိမ်နီးချင်း နိုင်ငံတွေ နဲ့ရော အနောက် နိုင်ငံတွေ နဲ့ပါ ဆက်ဆံရေး တိုးမြှင့်လာ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့် တပတ်မှာ တရုတ် နိုင်ငံ ခရီးစဉ် စတင်မှာ ဖြစ် ပါတယ်။

ရက်အတိ အကျကိုတော တစ်ရက် နှစ်ရက် အတွင်း ထုတ်ပြန်သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

နန်နင်းမြို့မှာ ကျင်းပမယ့် ကုန်စည် ပြပွဲကို တက်ရောက်ဖို့ သွားမှာ ဖြစ်ပြီး တရုတ် နိုင်ငံရဲ့ ခေတ်မီ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနဲ့ စက်မှုဇုံတွေ ကိုလည်း သွားရောက် လေ့လာ မယ်လို့ သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဌ မြန်မာ နိုင်ငံကို ရောက်လာ ပြီးချိန်မှာ သမ္မတ ဦးသိန်းစိန်က တရုတ် နိုင်ငံကို သွားတဲ့ အတွက် ဒီ ခရီးစဉ် နှစ်ခု ဆက်စပ်မှု ရှိမရှိ ဘီဘီစီက မေးတာနဲ့ ပတ်သက်လို့တော့ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်တဲ့ အနေ အထား ရှိတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်မယ့် အမေရိကန် ခရီးစဉ် မတိုင်ခင် တရုတ် နိုင်ငံကို သွားတာဟာ ကမ္ဘာ့ နိုင်ငံတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ဆိုတဲ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အရ သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် သမ္မတ ရာထူး စတင် ရယူခဲ့ချိန် တရုတ် သမ္မတ ဟူဂျင်တောင်း ရဲ့ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံကို ပထမဆုံး အကြိမ် သွားခဲ့စဉ်က အိမ်နီးချင်း တရုတ် နိုင်ငံနဲ့ မြန်မာ နိုင်ငံကြားမှာ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဘက် အဆင့်ကို မြှင့်တင်ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အရင်က ကမ္ဘာ့ နိုင်ငံတွေကြား အထီးကျန် ဖြစ်နေခဲ့တဲ့ မြန်မာ နိုင်ငံဟာ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာ့ နိုင်ငံခြားရေး မူဝါဒ အတိုင်း ဆက်ဆံရေး ပွင့်လင်း ကောင်းမွန်အောင် လုပ်ဆောင် လာတဲ့ အတွက် အမေရိကန် ပြည်ထောင်စု၊ အနောက်နိုင်ငံ တို့နဲ့ ဆက်ဆံရေး ပိုင်းမှာ ပိုမို မြှင့်တင် ဆောင်ရွက်လာတာလို့ သူက ပြောပါတယ်။

တရုတ် နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့ အိမ်နီးချင်း၊ စီးပွားရေး မိတ်ဘက် ဖြစ်ပြီး မဟာဗျူဟာမြောက် မိတ်ဘက် နိုင်ငံ ဖြစ်သလို အမေရိကန်နဲ့ အီးယူ တို့ကလည်း မိတ်ဘက်တွေပါပဲလို့ သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။