BBC navigation

KIA ကို ဆွေးနွေးဖို့ သမ္မတ ကမ်းလှမ်း

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 02:09 GMT
bbc_kia

KIA တပ်ဖွဲ့ဝင်

KIA နဲ့ အစိုးရ ကြား တိုက်ပွဲ ဖြစ်နေချိန်မှာ နေပြည်တော် မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဝန်ကြီးတွေ က တဆင့် သမ္မတ က KIA ကို ကမ်းလှမ်း ကြောင်း ငြိမ်းချမ်း ရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။

ဦးသိန်းစိန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို အမြန်ဆုံး ဖြစ်စေချင်ပြီး တာဝန်ရှိသူ အားလုံး ကို ပါစေချင်လို့ ဗန်းမော်၊ မူဆယ် ရွေးခဲ့ပြီးမှ အားလုံး တာဝန်ယူပြီး နေပြည်တော် မှာပဲ တွေ့ဖို့ စီစဉ်တယ်လို့ ဦးလှမောင်ရွှေ က ရှင်းပြပါတယ်။

နေပြည်တော်မှာ ကျင်းပ ရခြင်းက နှစ်ဖက်တပ်တွေ အပစ်လျှော့ပြီး နောက်ပိုင်း ရပ်စဲဖို့ အထိ ဆွေးနွေးမှာ ဖြစ်လို့ သမ္မတကြီးက ယုံကြည်မှု တည်ဆောက်တဲ့ အပိုင်း နဲ့ ရိုးသားမှု ကိုလည်း ပြတဲ့ လက္ခဏာ လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

ဒါပေမယ့် သမ္မတကြီး ကိုယ်တိုင် ဒီဆွေးနွေးပွဲ ကို တက်မယ်လို့ မပြောနိုင်ဘဲ ဆွေးနွေးပွဲ ပြီးတဲ့ အခါမှ သမ္မတကြီး KIA နဲ့ တွေ့ကောင်း တွေ့မယ်လို့ ဆိုပါတယ်။

အကြောင်း ကတော့ KNU နဲ့ ဆွေးနွေးစဉ် ကလည်း အပစ်အခတ် ရပ်စဲခဲ့တယ်၊ ပြီးမှ သမ္မတကြီး နဲ့ တွေ့တဲ့ အဆင့် ရောက်ခဲ့လို့ KIA နဲ့ လည်း တွေ့ဖွယ်ရှိတယ် လို့ ပြောပါတယ်။

ဒါကြောင့်မို့ နေပြည်တော် မှာ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဟာ နေရာပေးရုံ သက်သက် မဟုတ်ပဲ ငြိမ်းချမ်းရေး ကို လိုလားရာက ဆွေးနွေးပွဲ အပြီးမှာ တာဝန်ရှိသူ တွေ နဲ့ တွေ့နိုင်တဲ့ အခွင့်အရေး သဘောဆောင် ကြောင်း ဦးလှမောင်ရွှေ က ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။