BBC navigation

ဆီးရီးယား သူပုန်ဌာနချုပ်ကို ဆီးရီးယားထဲရွှေ့

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 01:52 GMT
_syria_free_army

ဆီးရီးယား သူပုန် တပ်ဖွဲ့ဝင်များ

ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ကသူတို့ရဲ့ ဌာနချုပ်ကို တူရကီနိုင်ငံ ထဲကနေ ဆီးရီးယား နိုင်ငံ ထဲကို ပြောင်းရွှေ့ လိုက်ပါတယ်။

ဒီသူပုန် တပ်ဖွဲ့ရဲ့ အကြီးအကဲက ဒီလို ပြောင်းရွေ့ ရတာဟာ သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို ဖြုတ်ချ နိုင်ဖို့နဲ့ ဒမတ်စကပ်စ် မြို့ကို သိမ်းယူဖို့ အတွက် တိုက်ခိုက် နေကြတဲ့ သူပုန် တပ်ဖွဲ့တွေ အားလုံးကို စုစည်း နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ပြောင်းရွေ့လိုက်တဲ့ ဌာန ချုပ်ကိုတော့ ဆီးရီးယားက လွတ်မြောက်နယ်မြေ ထဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူပုန် တပ်မှူး ရီယဒ်အဲလ် အာဆတ်ဒ်က ပြောကြား ရာမှာ ဆီးရီးယား ပြည်သူတွေ၊ လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်နေကြသူတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေ အားလုံးကို သူတို့ ဌာနချုပ် ဆီးရီးယားထဲ ရွှေ့လာပြီ ဖြစ်တယ် ဆိုတာ အသိပေးလိုကြောင်းနဲ့ လွတ်မြောက်ပြီး နယ်မြေတွေကို ဆက်ထိန်းသွားပြီး ဒမတ်စကပ်စ် ကို ထိုးစစ်ဆင် ဖို့ မျှော်မှန်း ထားတဲ့အကြောင်း ပြောကြား သွားခဲ့ပါတယ်။

အရင်က ဆီးရီးယား လွတ်မြောက်ရေး တပ်ရဲ့ ဌာနချုပ်ဟာ ဆီးရီးယား အထဲက တိုက်ခိုက် နေကြတဲ့ သူပုန် ကွန်ယက် ကို ထိန်းချုပ် နိုင်ရာမှာ အားနည်းတယ်လို့ စွပ်စွဲခံရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပြောင်းရွေ့ လိုက်တာကြောင့် သူပုန်တွေ အနေနဲ့ သူတို့ ရရှိထားတဲ့ နယ်မြေတွေကို ထိန်းထား နိုင်မယ်လို့ ယုံကြည်မှုရှိနေတာကို ပြသနေတာ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က သုံးသတ်ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။