BBC navigation

မဲဆောက် မော်လမြိုင် လေယာဉ်ပြေးဆွဲမယ်

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 16:31 GMT

မဲဆောက် မော်လမြိုင် လေယာဉ် ခရီးစဉ်ဟာ ခရီးသွားနဲ့ စီးပွားရေး လုပ်ငန်း အတွက် အရေးပါမယ့် ခရီးစဉ် ဖြစ်

မဲဆောက် မော်လမြိုင် ခရီးသည်တင် လေယဉ် တိုက်ရိုက် ပျံသန်း မှုတွေ ရှေ့အပတ် ထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။

ထိုင်ခုံ ၃၄ နေရာ ပါတဲ့ လေယာဉ်ဟာ မဲဆောက်မြို့ ကနေ မော်လမြိုင်ကို အခုလ ၂၈ ရက်နေ့ သောကြာနေ့မှာ စတင် ပျံသန်းမှာ ဖြစ်ပါတယ်။

မဲဆောက်နဲ့ ဘန်ကောက် ပုံမှန် လေယဉ် ပြေးဆွဲမှုတွေ ရှိနေတာကြောင့် အခုလို မဲဆောက် မော်လမြိုင် ခရီးစဉ် စတင်တဲ့ အခါ၊ ဘန်ကောက်နေ မော်လမြိုင်ကို မဲဆောက် ကနေ တဆင့် သွားရောက် နိုင်တော့မှာ ဖြစ်ပါတယ်။

မဲဆောက် မော်လမြိုင် ပျံသန်းချိန်ဟာ ၂၅ မိနစ်သာ ကြာမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးလှရှိန်က ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေဟာလည်း ကျိုက်ထီးရိုး ဘုရားကို သွားဖူးတဲ့ သူများ သလို၊ ထိုင်းနိုင်ငံ မြောက်ပိုင်းက ပင်လယ် ကမ်းခြေကို သွားရောက် လည်ပတ် ချင်သူတွေအတွက်လည်း မော်လမြိုင် စက်ဆဲ ပင်လယ် ကမ်းခြေက သူတို့ အတွက် ပိုနီးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မဲဆောက် - မော်လမြိုင် လေယာဉ် ခရီးစဉ်ဟာ ခရီးသွား လုပ်ငန်းရော၊ စီးပွားရေး လုပ်ငန်း အတွက်ပါ အရေးပါမယ့် လေယာဉ် ခရီးစဉ် ဖြစ်လာမှာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။