BBC navigation

ဖို့ဝိန်း မြန်မာတွေနဲ့ ဒေါ်စုတွေ့

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 03:32 GMT
asskfortwayne

နိုင်ငံ ပြန်လည် ထူထောင်ရေး ပညာရှင် တွေ လို

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည်က လူမျိုးစု တွေ အများအပြား အခြေချရာ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်း မြို့ကို စက်တင်ဘာ လ ၂၅ရက်က သွားရောက် ခဲ့ပါတယ်။

ဖို့ဝန်း မြို့က ထောင်ချီတဲ့ မြန်မာ နွယ်ဖွား တွေကို Allen County War Memorial Coliseum အားကစား ရုံကြီးမှာ တွေ့ဆုံရာမှာ နိုင်ငံ ပြန်လည် ထူထောင်ရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ မှန်ကန်စွာ လျှောက် လှမ်းနိုင်ဖို့ ပညာတတ် နိုင်ငံသား တွေ လိုအပ်ကြောင်း၊ ပညာသင်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

မြန်မာ တွေကို အခုလို စောင့်ရှောက် ကူညီထားတဲ့ မြို့ခံ တာဝန်ရှိသူ တွေကို ကျေးဇူးတင် ကြောင်းလဲ ပြောကြား ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေရိကန် ခရီးစဉ် အတွင်း အဝေးရောက် မြန်မာ ပြည်သား တွေနဲ့ လိုက်လံ တွေ့ဆုံ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။