BBC navigation

မြန်မာ HIV ကိုယ်ဝန်ဆောင်မိခင် က ကလေးကို ကူးစက်နှုန်း မြင့်မား နေ

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 17:16 GMT
arv hiv

အိပ်ချအိုင်ဗွီ ဝေဒနာ သည် အတွက် လိုအပ်တဲ့ အေအာဗွီ ဆေးဝါး

HIV ရောဂါပိုး ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင် ကနေ သူ့ရဲ့ ကလေး ကို အဲဒီ ဗိုင်းရပ် ကူးစက်နှုန်း က ၁၃ ရာခိုင်နှုန်း ထိ မြင့်တက် နေပါတယ်။

UNICEF နဲ့ မြန်မာ ကျန်းမာရေးဝန်ကြီး ဌာန တို့ ရန်ကုန် က ဆေးရုံ ၄ ခုမှာ စစ်တမ်း ကောက်ခဲ့ပြီး HIV ရောဂါပိုး ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၀၀ မှာ သူတို့ ရဲ့ မွေးကင်းစ ကလေး ၁၃ ဦးကို ရောဂါပိုး ကူးတာ ကို တွေ့ရှိကြပါတယ်။

HIV/AIDS ကာကွယ် လျော့ချရေး ဆောင်ရွက် နေတဲ့ ဒေါက်တာ စစ်နိုင် က တိုးတက် တဲ့ နိုင်ငံခြားနိုင်ငံ တွေ မှာ အဲဒီ လို ရောဂါပိုးရှိ ကိုယ်ဝန်ဆောင်မိခင် ကနေ ကလေး ကို ကူးစက်တဲ့နှုန်း က ၁ ရာခိုင်နှုန်း အောက်သာ ရှိတယ် လို့ ပြောပါတယ်။

အေအာဗွီ ကာကွယ်ဆေး မလုံလောက်တာနဲ့ သန္ဓေ တားဆီးရေး ကျန်းမာရေး ပညာ မသိမှု တွေ က အဓိက အကြောင်းရင်း တွေ ပဲလို့ လည်း သူ ကပြောပါတယ်။

မြန်မာနိုင်ငံမှာ HIV ရောဂါပိုး ရှိတဲ့ သူ ၂ သိန်းခွဲ လောက်ရှိနေပြီး အဲဒီသူတွေ ထဲမှာ အေအာဗွီ ဆေးဝါး လိုနေတဲ့ သူ က တ၀က်လောက်ရှိတာမို့ လူ ၁ သိန်းကျော် က ဆေးဝါး သုံးစွဲဖို့ လိုပါတယ်။

အခုအချိန် မှာတော့ လူ ၄ သောင်းလောက်သာ အေအာဗွီ ဆေးဝါး ရနေတယ် လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။