BBC navigation

ပိတ်ဆို့မှု ဖယ်ရှား ဥပဒေကြမ်း အိုဘားမား လက်မှတ်ထိုး

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 00:48 GMT

လက်မှတ် ထိုးပေးလိုက်တဲ့ အမေရိကန် သမ္မတ အိုဘားမား

မြန်မာနိုင်ငံ အပေါ် အမေရိကန်က ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေးနိုင်မယ့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ လတုန်းက ကွန်ဂရက် လွွှတ်တော်မှာ အတည်ပြုမှု ရခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမားက မနေ့က သောကြာနေ့တုန်းက လက်မှတ်ထိုး ပေးလိုက်ပါပြီ။

သမ္မတ လက်မှတ်ထိုး ပေးပြီးလို့ ဒီဥပဒေ အတည်ဖြစ်သွားတဲ့ အတွက် နိုင်ငံတကာ အဖွဲ့အစည်း တွေက မြန်မာ နိုင်ငံကို ငွေကြေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သွင်းကုန်တွေ အပေါ် ပိတ်ထားတဲ့ တားမြစ်ချက်ကို ပြန်လျော့ ပေးတော့မယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပြီး သီတင်းတပတ် အကြာမှာ အခုလို သမ္မတ အိုဘားမားရဲ့ ဥပဒေကြမ်း လက်မှတ် ထိုး အတည်ပြုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ သူတို့ ဆီက ကုမ္ပဏီတွေ သွားရောက် ရင်းနှီး မြုပ်နှံဖို့ကိုလည်း ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။