BBC navigation

ကမ္ဘာ့ မိန်းကလေးများနေ့ ကုလ သတ်မှတ်

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 15:51 GMT
Forced Marriage

ကလေး အရွယ် အိမ်ထောင် ပြုမှုနဲ့ အိမ်တွင်း အကြမ်း ဖက်မှု ဆက်စပ်တယ်လို့ ကုလ ပြော

ကမ္ဘာ့ ကုလ သမဂ္ဂက အောက်တိုဘာလ ၁၁ ရက်နေ့ကို ပထမဆုံး ကမ္ဘာ့ မိန်းကလေးများ နေ့ အဖြစ် သတ်မှတ်လိုက် ပါတယ်။

မိန်းကလေးတွေ အသက် မပြည့်သေးခင် အိမ်ထောင်ပြုမှုကြောင့် သူတို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှု အပေါ် သက်ရောက်မှုကို ဒီနှစ် အဓိက အာရုံ စူးစိုက်တာ ဖြစ်ပါတယ်။

တောင်အာရှ ဒေသနဲ့ အာဖရိက ဆာဟာရ တိုက်ငယ် ဒေသတို့မှာ ရှိကြတဲ့ မိန်းကလေး ထက်ဝက် နီးပါးလောက်ဟာ သူတို့ အသက် ၁၈ နှစ် မပြည့်ခင် အိမ်ထောင်ပြု ကြတာ ဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးတွေ အိမ်ထောင်ပြုတာဟာ မိန်းကလေးငယ်တွေရဲ့ အခြေခံ လူ့ အခွင့် အရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ကလေး အရွယ် အိမ်ထောင်ပြုမှုဟာ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ် သေဆုံးနှုန်း မြင့်မားမှု၊ ဆင်းရဲမွဲတေမှု၊ အိမ်တွင်း အကြမ်းဖက်မှု တို့နဲ့လည်း ဆက်စပ် နေတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။