BBC navigation

Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 01:55 GMT

ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှတွေက Spitfire တိုက်လေယာဉ်တွေကို မြန်မာပြည်မှာ ဖွက်ချန်ထားခဲ့

ဒုတိယ ကမ္ဘာစစ် အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထား ခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှ လူမျိုး တိုက်လေယာဉ် ဝါသနာအိုး တဦးနဲ့ မြန်မာ အစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ် စက်စက် လေယာဉ်တွေ ဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေ ထဲမှာပဲ အဲဒီအတိုင်း ၁၀ မီတာ အနက် တွင်းကြီးတွေ ထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီး ယိုယွင်းမှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရ ပါတယ်။

မြစ်ကြီးနား၊ ရန်ကုန် နဲ့ မိတ္ထီလာ မြို့တွေရဲ့ လေယာဉ်ကွင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ မြှုပ်ထားခဲ့ တာ ဖြစ်ပြီး၊ တူးဖေါ်ရရှိတဲ့ လေယာဉ်တွေ ထဲက တစင်းကို မြန်မာနိုင်ငံကို လှူမှာ ဖြစ်တယ်လို့ နှစ်ဘက် သဘောတူ ထားကြောင်း ဗြိတိန် ကုမ္ပဏီနဲ့ ပူးတွဲ တူးဖေါ်မယ့် ရွှေတောင်ပေါ် ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးထူးထူးဇော်က ပြောပါတယ်။

၁၉၄၀ ပြည့်လွန် ကာလတွေ အတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေး စနစ် အောင်မြင်မှု ရခဲ့တာဟာ ဒီSpitfire တိုက်လေယာဉ်တွေကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ် ကို အမှတ် တရ လက်ဝယ်ထား စုဆောင်း လိုသူတွေ အတော် များများ ရှိနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။