BBC navigation

အိုအိုင်စီရုံး မဖွင့်ရေး သံတွဲ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 03:33 GMT
oic

အိုအိုင်စီ ရုံး ဆန္ဒပြပွဲကို အစိုးရ တာ၀န်ရှိသူတွေ ခွင့်ပြုချက်နဲ့ လုပ်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ အိုအိုင်စီရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ မနေ့က လုပ်ခဲ့တာ ရဟန်း ရှင်လူ သောင်းချီ ပါ၀င်တယ်လို့ သိရပါတယ်။

တနင်္ဂနွေ နေ့က သံတွဲမှာ လုပ်တဲ့ အိုအိုင်စီ ရုံး ဆန္ဒပြပွဲကို အစိုးရ တာ၀န်ရှိသူတွေ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

သံတွဲမှာ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ပထမ ဆုံး အကြိမ် ဆန္ဒပြပွဲမှာ လူတွေ တက်ကြွစွာ ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အိုအိုင်စီက လူသားချင်း စာနာတဲ့ အထောက်အပံ့တွေကို လက်ခံသွားမှာ ဖြစ်ပြီး ရုံး ဖွင့်လှစ်ရေးကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခုလို အစိုးရရဲ့ သဘောထား ထွက်ပေါ် လာတဲ့ နောက်ပိုင်းမှာမှ အိုအိုင်စီရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်နေကြ တာကတော့ ဆန္ဒပြခွင့်တွေကို သက်ဆိုင်ရာက ခုမှ ခွင့်ပြုချက် ချပေးတာကြောင့်လို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။

အိုအိုင်စီရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး သဘောထားတွေ ထုတ်ဖေါ် နေကြရာမှာ သံတွဲမြို့ဟာ ရခိုင်ပြည်နယ် အတွင်း နောက်ဆုံး ဆန္ဒ ဖေါ်ထုတ်ခွင့်ရတဲ့ မြို့ဖြစ် ပါတယ်။


ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။