BBC navigation

ရခိုင်မှာ အခြေအနေ ဆက်တင်းမာ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 15:28 GMT

အိမ်ခြေ ၆၆၀ လောက် မီးလောင် ပျက်ဆီးသွားခဲ့ ပြီ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အရာရှိတဦးပြော

တနင်္ဂနွေနေ့ ညက စတင်ခဲ့တဲ့ ရခိုင် ပြည်နယ်၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ် တွေက မတည် မငြိမ် ဖြစ်မှုတွေဟာ အင်္ဂါနေ့ အထိ ဆက်လက် ဖြစ်ပွားနေ ပါတယ်။

မြောက်ဦး မြို့နယ် ယိုင်ညည်ရွာမှာ အင်္ဂါနေ့ မနက်က တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ပြီး၊ အဲဒီက တဆင့် ဇီဇာ ရွာဘက်ကို ကူးစက်ကာ နောက်ပိုင်း မှာတော့ နဂါးဂွေ့ ဘက်မှာပါ တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ရခိုင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကတော့ သူတို့ ရထားတဲ့ စာရင်းအရ အိမ်ခြေ ၆၆၀ လောက် မီးလောင် ပျက်ဆီးသွားခဲ့ ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေ ကနေ အဓိကရုဏ်း ဖြစ်ပွား မှုတွေကို ပစ်ခတ် ထိန်းသိမ်း မှုတွေ လုပ်ခဲ့တဲ့ အတွက် လူ အသေ အပျောက် ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဒီသတင်းနဲ့ ပတ်သက်ပြီး အတည် ပြုနိုင်ဖို့ အတွက် ကတော့ အခက်အခဲ ရှိနေ ပါသေးတယ်။

ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူတွေ ကတော့ အခုလို တင်းမာ မှုတွေ နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေကာ၊ လုံခြုံရေးတွေကို တိုးချဲ့ ချသွားဖို့ အစီအစဉ် ရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။